🖤 မင်း...လာတယ် 🖤

Start from the beginning
                                    

" အင်း...သိတာပေါ့ သနားစရာကောင်းတဲ့ ကလေးလေး ဟူး "

ရိဖေးက ကျန့်ယွင်အကြောင်းကို ပိုစိတ်ဝင်စားလာရသည်။

" ကျွန်တော့်ကိုပြောပြပါလား "

" နေပါအုံး ကောင်လေး မင်းကသူနဲ့သူငယ်ချင်းလား "

" အ...ဟုတ်ပါတယ် "

အဖိုးကြီးက ခေါင်းငြိမ့်သည်။

" သူငယ်ချင်းဆို ကောင်းကောင်းဂရုစိုက်ပေးလိုက်ပါကွာ။ အဖိုးဒီမှာအလုပ်လုပ်နေတာ အနှစ်၂၀ကေျာ် ၃၀ နီးပါးပါပဲ့။ အဲ့ဒီကောင်လေးကို အသက် ၅ နှစ် ၆ နှစ်အရွယ်လောက်ကတည်းကသိတာ မူလတန်းအကျီ်လေးနဲ့ ဒီခုံတန်းလေးမှာပဲ့ အမြဲတန်းလာထိုင်နေတတ်တယ်။ ဒါမဲ့ ငါးမိနစ်လောက်လေးပဲ့ ကြည့်ပြီးတာနဲ့ ပြန်သွားတတ်တယ်။ သုံးလေးရက်လောက် ဆက်တိုက်လာခဲ့တယ်။ အဖိုးကမနေနိုင်တော့ ကလေးကိုသွားမေးတာပေါ့...

ဝင်ကြေးမရှိလို့မဝင်တာလား ကောင်လေးလို့လေ ဒါမဲ့ကလေးလေးက ပြန်ပြောတယ်။ သူ့မိဘတွေကကစားရင်ရိုက်လိမ့်မယ်တဲ့ တစ်ပတ်လောက်အထိ ကြည့်ပဲကြည့်နေခဲ့တယ်။ ဒီလိုနဲ့ လအနည်းငယ်အထိ ပုံမှန်လာကြည့်တယ်။ သူ့မှာအရမ်းကစားချင်လနရှာတယ်။ တစ်နေ့မှာ ကလေးကပုံမှန်ထပ် စောပြီးရောက်လာခဲ့တယ်။ သူက ကစားကြည့်ဖို့ဆုံးဖြတ်လိုက်ပုံပဲ့ အဖိုးဆီဝင်ကြေးအနေနဲ့ ငွေပြားလေးတစ်ချို့ပေးပြီး ဝင်ကစားတယ်။ သူ့မှာတခြားကလေးတွေလို မဆော့တတ်ရှာဘူး။ အဖိုးပဲ့သင်ပေးခဲ့ရတယ်။ သူကအရမ်းပျော်ပြီးအချိန်ကိုမေ့သွားတယ်နဲ့တူတယ်။

ကစားကွင်းလေးကို ကားတွေလာရပ်ပြီး အဲ့ဒီကောင်လေးကို ခေါ်သွားတယ်။ ကလေးကအရမ်းကြောက်နေရှာတာ။ ဒီလိုနဲ့ကစားကွင်းကို မလာတော့ဘူး။ တစ်နှစ်ကြာမှပြန်ပေါ်လာတယ်။ တစ်ချို့အချိန်တွေဆို ဒီခုံလေးမှာလာထိုင်နေတတ်တယ်။ "

ရိဖေးက အဖိုးရဲ့ရှည်လျားတဲ့အတိတ်ကို နားဆင်ပြီးမသိစိတ်ထဲကနေ ကလေးလေးကျန့်ယွင်အတွက် မတရားသလိုခံစားလာရသည်။ ကလေးလေးပဲ့ကို သူလည်းဆော့ချင်မှာပေါ့။

" အဖိုး...ကျေးဇူးပါ။ "

ရိဖေးက အဖိုးကိုကျေးဇူးတင်စကားပြောပြီး ခုံလေးမှာထိုင်ရင်း မူမမှန်တော့တဲ့ လူသားလေးဆီပြေးသွားလိုက်သည်။ နီကပ်လာတာနဲ့အမျှ ကော်ဖီအနံတွေပြန့်လာတာကိုသတိထားမိလာသည်။

I never said " Alpha "Where stories live. Discover now