Chapter-1

5 1 0
                                        

"ဘာ ...ဂျွန် မင်းဘာပြောလိုက်တယ်"
"လမ်းခွဲမယ် "
"ဂျွန် ဒီနေ့မင်းမွေးနေ့မို့ငါ့ကိုနောက်တာမလား ဂျွန်
ဟုတ်တယ်မလား"
"မဟုတ်ဘူး ကင်မ်ထယ်ယောင်း ငါမင်းက်ုနောက်နေတာမဟုတ်ဘူး"
"အဲတာဆို အဲတာဆိုတကယ်လမ်းခွဲဖို့ပြောနေတာလား မရဘူးနော်ဂျွန် ငါလမ်းခွဲမပေးနိုင်ဘူး"
"ကင်မ်ထယ်ယောင်း အသိစိတ်ဝင်စမ်းပါ ငါကမင်းအတွက်ဘယ်လောက်များကောင်းနေလို့လဲ "
"မဟုတ်ဘူးမလားဂျွန် နောက်နေတာမလား ဟင်ဟုတ်တယ်မလား ငါ့ကိုနောက်နေတာလို့ပြောစမ်းပါဂျွန်ရာ"
ထယ်ယောင်း ဂျွန့်လက်ကိုဆုပ်ကိုင်ပြီး သူကြားသမျှကိုမဟုတ်ကြောင်း  ဂျွန့်ကိုအတင်းပြန်ပြောခိုင်းနေမိတယ်

"လမ်းခွဲမယ် ထယ်ယောင်း အခု အခုပဲ"
ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူးသူကြားတာတွေကတကယ်မဟုတ်ဘူး ဒါအိပ်မက် ဟုတ်တယ်ဒါအိပ်မက်မလား ဂျွန်နဲ့သူကအရမ်းချစ်ခဲ့ကြတာလေ
လမ်းခွဲမယ်တဲ့လား မဖြစ်နိုင်တာ

"မခွဲဘူး ငါမလုပ်ပေးနိုင်ဘူးဂျွန် မင်းငါ့ကိုမနောက်ပါနဲ့ဂျွန်ရာ လာပါမင်းမွေးနေ့မလားအတူပျော်ရအောင်လေ"
"ကျစ် ကင်မ်ထယ်ယောင်းငါအတည်ပြောနေတာ
မင်းနဲ့ငါဇာတ်လမ်းဒီမှာတင်ပြီးပြီ"

"ဟင်.....ဘာ ဘာလို့လဲဂျွန် ငါမင်းအပေါ်ဘာများအမှားလုပ်ခု့မိလို့လဲ ပြောပါဂျွန်ပြောပါ ငါ ငါလေအကုန်ပြင်မှာမို့"

"မင်းမမှားဘူး ဟောဒီကငါ ငါဆိုတဲ့ဂျွန်ဂျောင်ကုပဲမှားတာ အဲတာကြောင့်လမ်းခွဲရအောင်ထယ်ယောင်း"

"ဟင့်အင်းဂျွန် မင်းအဲလိုမလုပ်ပါနဲ့ကွာ မင်းမှားတယ်ဆိုရင်လဲငါအကုန်ခွင့်လွှတ်တယ်လေ ငါခွင့်လွှတ်တယ်လို့ အဲလို...အဲလိုကြီးတော့မလုပ်လိုက်ပါနဲ့ကွာ"

"အဲတာတွေပဲထယ်ယောင်း မင်းက ငါဘာလုပ်လုပ်အရာရာကိုခွင့်လွှတ်ပေးတတ်နေတော့ ငါသံသရတွေဝင်လာတယ် မင်းငါ့ကိုတကယ်များချစ်ရဲ့လားလို့"

"အဲတာကဂျွန့်ကိုချစ်လွန်းလို့လေ ဂျွန့်ကိုကင်မ်ထယ်ယောင်းဆိုတဲ့ကျွန်တော်က ချစ်လွန်းလို့အကုန်ခွင့်လွှတ်ပေးထားတာလေ အဲဒီအကြောင်းပြချက်နဲ့တော့လမ်းမခွဲလိုက်ပါနဲ့ဂျွန် မင်း...မင်းအတွက်အဆင်မပြေရင်ငါနောက်ကျဆင်ခြင်ပါ့မယ်ကွာ နော်ဂျွန်"

The BrownWhere stories live. Discover now