🖤 အရမ်းပင်ပန်းနေပြီ 🖤

Start from the beginning
                                    

" အဖေ...."

ကျန့်ယွင်ရဲ့အဖေနဲ့ မိထွေးက စိမ်းစိမ်းဝါးဝါးအကြည့်တွေနဲ့ ဝင်လာခဲ့သည်။ အဖေ ကတံခါးကိုဆောင့်ပိတ်လိုက်ပြီး ဘော်ဒီဂတ်တွေကိုမောင်းထုတ်လိုက်တယ်။ မဟုတ်ရင် သူတို့လျှိ့ဝှက်ချက်ကို ဘော်ဒီဂတ်တွေ သိသွားအုံးမည်မလား။

" မင်းမခေါ်စမ်းနဲ့...အခုဘာဖြစ်တာလဲ... ဟမ် သေချာရှင်းပြစမ်းပါ "

ခွပ်....

အဖေ ဖြစ်သူကရှင်းပြမလို့ လုပ်နေတဲ့ကျန့်ယွင်လေးကို အသံတောင်ပေးမထွက်ပဲ မျက်နှာကိုထိုးလိုက်တယ်။

နဂိုကတောင် အားနည်းပါတယ်ဆိုမှ Heat ဝင်ချိန်ပါဖြစ်နေတော့ လုံးဝမတောင့်ခံနိုင်ရှာဘူး။ အနောက်ကိုလဲကျသွားခဲ့ပြန်တယ်။ မိထွေးက သူ့ရဲ့လက်ဆွဲအိတ်ကို တင်းကျပ်စွာဆုပ်ကိုင်ကာ ဆဲဆိုလာခဲ့ပြန်သည်။

" နင်ဆေးတွေ မသောက်ပဲနေတယ်မလား "

ထိုအချိန်အခန်းရဲ့တံခါးဟာ အနည်းငယ်ပွင့်ဟသွားပြီး အဝတ်တစ်ချို့ဝယ်လာတဲ့ ရိဖေးဟာရောက်လာခဲ့တယ်။ ဒါမဲ့သူအထဲမဝင်ခဲ့ဘူး။ တံခါးနားမှာ အသာလေးရပ်ပြီးနားထောင်နေခဲ့တယ်။

မိထွေး: " ပြောစမ်း...ဆေးတွေလွှတ်ပြစ်နေတယ်မလား။ ဟမ်....အခုတော့ နင့်အဖိုးသိသွားပြီ...နင်အမွေရဖို့လမ်းမရှိတော့ဘူး "

ကျန့်ယွင်က မျက်ရည်တွေကို အတင်းထိန်းယူနေခဲ့ရသည်။ သူကဒီစကားကိုမိထွေး ပါးစပ်ကနေကြားတော့ သီးမခံနိုင်ခဲ့ဘူး။

" ကျွန်တော်လည်း အမွေတွေလိုချင်ပါတယ်လို့ တစ်ခါမှမပြောဖူးဘူး။ လိုလည်းမလိုချင်ဘူး။.....ကျွန်တော် ဆေးမသောက်ဘူး။ ဒီတော့ ဘာ...ဘာဖြစ်..အ့ "

စကားမဆုံးခင်အဖေက လဲကျနေခဲ့တဲ့ ကျန့်ယွင်ရဲ့ ဗိုက်ကိုကန်လိုက်သည်။ စကားတောင်မပြောနိုင်တော့ဘူး။ မျက်လုံးတွေပြာဝေလာသလိုပဲ့။ လည်ချောင်းတွေလည်းနာလာတယ်။

တကယ်ပဲ့ ဒါငါ့အဖေလား။ အမေ...ကျွန်တော့ရဲ့မွေးမေမေ ဘာလို့...တစ်ယောက်ထဲ ထားခဲ့တာလဲ...

" ဟေ့ကောင် မင်းအဖိုးရဲ့လူယုံတွေ မင်းဆီကနေ omega အနံရလိုက်တယ်လို့ သွားပြောတယ်လေ။ မင်းကိုထပ်စစ်ဆေးလိမ့်မယ်။ ဒီချိန်အကုန်ပေါ်သွားမှာ ခွေးကောင်လေး ကျွေးရကျိုးမနပ်ဘူး။ မင်းအမွေမရရင် ငါတို့လက်ထဲဘာငွေမှရောက်လာမှာမဟုတ်တော့ဘူး။ ေ-ာက်ချီး ကျန်းအဖိုးကြီးက ငါ့ကိုအသုံးမကျတဲ့သား လို့အခေါ်ခံရစေချင်လား။ "

I never said " Alpha "Where stories live. Discover now