"တော်ပြီ။ မင်းကို မမြင်ချင်ဘူး။ သွား အပေါ်တက်တော့! ဒီကျောင်းပိတ်ရက်မှာ အိမ်ထဲက ထွက်ဖို့ မစဉ်းစားနဲ့"

နေကောင်းလား ဘာညာ ဂရုတစိုက် မေးဖို့မပြောနဲ့၊ သားအရင်းကို မမြင်ချင်ဘူးတဲ့လေ . .

"ယောက်ျားရယ် စိတ်လျှော့ပါ။ သားလည်း အတတ်နို်င်ဆုံး ကြိုးစားတာပဲ။ Dohyun လို ဉာဏ်မကောင်းမှတော့ အဆင့်ကောင်းကောင်းတော့ ဘယ်ရနိုင်ပါ့မလဲ?"

ကြားထဲကနေ မျက်နှာလုပ်ပြီး အလကားနေ လာရှုတ်ချနေတဲ့ မိထွေးကြောင့် သက်ပြင်းသာချပြီး ကိုယ့်အခန်းဆီသာ ပြန်တက်လာလိုက်သည်။

အိမ်ထဲက မထွက်ရဘူး? ဟာသပဲ . .

ကျွန်တော့်စကားကိုဆို ဘယ်တော့မှ မယုံကြည်၊ နားတောင်မထောင်ခဲ့ဘူးလေ။ အဲ့တော့ အဖေ့စကားကိုလည်း မြေဝယ်မကျ နားထောင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့တော့။

ကလေးတွေကို တွေ့တဲ့အခါကျရင် ဒီဝမ်းနည်းနေတဲ့စိတ်ကြီးကို ခဏတော့ မေ့နိုင်လောက်ပါရဲ့။

သူတို့ မျက်နှာလေးတွေကို မြင်ယောင်ကြည့်ရုံနဲ့တင် ကျွန်တော် ပြုံးမိပါ၏။

အဝတ်အစား အမြန်လဲလိုက်ကာ ကျောပိုးအိတ်ထဲ လိုတာတွေအကုန် ပစ်ထည့်ပြီးတာနဲ့ ပြတင်းပေါက်ကနေ ခိုးဆင်းဖို့ ပြင်လိုက်သည်။

အခန်းက ဒုတိယထပ်မှာမို့လို့ ခိုးထွက်တိုင်း ခုန်ဆင်းနေကျ ဆောင်ထားတဲ့ ကြိုးကို ထုတ်နေတုန်းရှိသေး၊ အခန်းနား နီးကပ်လာတဲ့ ခြေသံအချို့။

ဒုက္ခပါပဲ။

ထိုစဉ်မှာပင် ဝုန်းခနဲ တံခါးပွင့်သံနဲ့အတူ အခန်းထဲ ဝင်လာတဲ့ အဖေ။

"Lee Donghyuck! ဘယ်သွားတာလဲ!"

နှစ်ခါ ထပ်မစဉ်းစား၊ ကျောပိုးအိတ်ကို လွယ်လိုက်ကာ အလျင်အမြန်ပင် ကြိုးကို အောက်ချလိုက်ပြီး လုပ်နေကြအတိုင်း အထူးလေ့ကျင့်ထားတဲ့ တပ်သားလိုပင် ချောချောမွေ့မွေ့ ဆင်းလာလိုက်၏။

"အပြင် မထွက်ရဘူးလို့ ပြောထားတယ်လေ! မင်းတော့ ပြန်လာရင် သေပြီပဲ!"

something like love - light ver {markhyuck}Unde poveștirile trăiesc. Descoperă acum