ကျွန်တော့်မျက်လုံးတွေ လေးလံလာပြီး အသက်ရှူကြပ်လာသည် ထိုနောက်ထိုနောက် မှာတာ့
ကျွန်တော် ရဲ့ခန္တာကိုယ် လေထုဖိအားမရှိတဲ့ နေရာကိုရောက်သွားသလို ပေါ့ပါးသွားခဲ့သည် ထိုအချိန်မှာကျွန်တော့်မျက်လုံးများမှေးစင်းကာ ကျွန်တာ်ရဲ့ဦးနှောက်သည် ကျွန်တော်ရဲ့ အချစ် ဆီကို သတိရသွားခဲ့သည်
luggageထဲကို ကျွန်တော် အဝတ်အစား တွေကိုထည့်ကာ
ဘူတာရုံသို့ ရောက်လာခဲ့သည် ထိုနောက် ရေကြည်ကို ထွက်မယ့် ရထားကိုစီး၍ ဘူတာရောက်တော့
ကျော်သိန်းသန်းကားဂိတ်ကို ထွက်လာခဲ့လိုက်သည်
ရန်ကုန်ကိုသွားသူများသည်မို့ ဘုရားသကြား
မကာနောက်ဆုံးတစ်ခုံကျန်သေးသည်ဟုဆိုတာကြောင့်
ကျွန်တော် လိုက်ကာပြန်လာခဲ့သည်
ကျွန်တော့်ရဲ့အချစ်ကို အရမ်းလွမ်းနေတာကြောင့် သူနဲ့ အရင်ကအကြောင်းလေးတွေတွေးရင် လိုက်ပါလာခဲ့သည်
.....
အပိုင်း(၁)
ချစ်နဲ့ ကျွန်တော်က တွဲလာခဲ့တာအရမ်းကြာပြီလဲ မဟုတ် ချစ်သူသက်တမ်း သုံးနှစ်တော့ကျော်လာခဲ့ ပြီ
"မောင် ချစ်ကို သိပ်ချစ်တာပဲလား"
"သိပ်ချစ်တာပေါ့လပြောမပြတတ်အောင်ချစ်တာလေ"
"ဒါဆို ဘယ်လောက်အထိ ချစ်နေမှာလဲ"
"ဘယ်လောက်ထိ ချစ်နေမှာလဲ ဆိုတော့"
ကျွန်တော်မဖြေပဲ သူမကို တစ်ချက်ကြည့်လိုက်သည်
ဆက်ပီး မကြားရတော့ သူမသိပ်ပြီး တော့မျက်နှာအခြေအနေမကောင်း
"မောင် အများကြီးတွေးထားတယ်ဒါကြောင့် ဘယ်လောက်ထိ ချစ်လဲနင်သိမှာပါ"
"လာပြန်ပီ အဲ့ နင် ငါ့မကြိုက်ဘူးပြောထားတယ်လေ"
"ဟော် နင်လဲ သုံးတာပဲကို"
ကျွန်တော့်ကို မျက်စောင်းထိုးကာ လက်ကိုဆိတ်နေသည် နာပေမဲ့လဲ သူစိတ်ပြေအောင်အောင့်ကာခံနေရသည်
မချစ်ပဲ လက်တွဲခဲ့ကြသည်မဟုတ် ကျွန်တော်တို့ အတွဲသည် တွဲရင်း ချစ်သွားကြသည် ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် ရှေးရေးအတွက်အများကြီးတွေးထားကြသည် ကျွန်တော့်ရဲ့ အချစ်က သိပ်ကို ချစ်ဖို့ကောင်းသလို သိပ်လဲစိတ်ကြီးပါသည် သူမက ကျွန်တော်ကိုအမြဲနိုင်စားသည် ကျွန်တော်ဘက်ကလဲ အမြဲကို သူပျော်စေဖို့အလျှော့ ပေးခဲ့တာပေါ့
အထက်တန်းကျောင်းသားဘဝက တွဲခဲ့ ကြသည်မို့ ကျွန်တော်သူ့ကို အပြစ်မမြင်နိုင်လောက်အောင်ချစ်ပါသည်
