"နည်းနည်းနောက်ကျတာကလဲ နာရီဝက်ပဲ နိုရာ။ ဖောင်ပိတ်သွားရင် မင်းပဲ"

"မပိတ်ပါဘူးဟ ငါဖုန်းဆက်ပြီး အကြောင်းကြားထားတယ်။ကျွန်တော်တို့တွေ လာမယ်။ ​ဖောင်မပိတ်ပဲစောင့်နေစမ်း ဆိုပြီး"

ဟန်ပါပါ ကိုယ်နေဟန်ထား၊ အသံဖြင့် တဖက်ကိုအမိန့်ပေးနေသည့်ပုံစံ ဖမ်းကာ နိုရာကိုကြည့်ကာ ​ကောင်းဆက်မှာ အူလှိုက်သည်းလှိုက်ကို ရယ်မိပြီး​နောက် ပထမဦးဆုံးအလုပ်လျှောက်လွှာတင်ရန် ထွက်လာခဲ့ကြ​တော့သည်။ ပထမဆုံးအကြိမ်အလုပ်လျှောက်ခြင်း၊ လူတွေကြားထဲအလုပ်လုပ်ရန် စတင်ပြင်ဆင်ခြင်း၊ ပထမဆုံးလျှောက်သည့်အလုပ်ကလဲ Company အကြီးတွေထဲက တခုပေမို့ ရင်ခုန်ခြင်းက အတိုင်းအဆမရှိပေ။ လက်အိတ်မပါသည့် အေးစက်စက်လက်ဖဝါးနှစ်ဖက်ကို မကြာခဏပွတ်တိုက်မိနေကာ လှုပ်ရှားနေသည့်စိတ်ကို ငြိမ်သက်အောင် ထိန်းယူနေရသည်။

နိုရာ့ထံက ရိပ်ခနဲလှုပ်ရှားမှုကြောင့် လက်ကိုအမြန်မြှောက်လိုက်တော့ ဆုပ်ကိုင်ခြင်းခံရမည့်ဘေးက သီသီလေးလွတ်မြောက်သွားခဲ့သည်။ အလစ်အငိုက်မှာ ဖမ်းဆွဲလိုက်သော်လည်း မမိလိုက်သည့်အဖြစ်ကြောင့် နိုရာကအကြောင်းမဲ့ လာရယ်ပြနေသည်။

"ငါမကြိုက်ဘူးလို့ မင်းကိုပြောဖူးတယ်နော် နိုရာမင်းမောင်"

"မင်းကလဲကွာ ငါ့ကိုပြောပြပါ့လား။ ဘယ်လိုပဲဖြစ်ဖြစ် ငါလက်ခံနိုင်တယ် ကြိုသိရတော့ပြင်ထားလို့ရတယ်လေနော် ကောင်းဆက်..."

"ဟင့်အင်း..."

"ငါကတိပေးတယ်ကွာ ဘယ်သူ့ကိုမှပြန်မပြောဘူး။ မင်းကိုလဲအတင်းအကြပ်မမေးဘူး။ ဒီတိုင်းလေး အရိပ်အမြွက်...ဟေ့ကောင် ကောင်းဆက်! ငါ့ကိုစောင့်ဦး!!!"

သူ့စကားမဆုံးသေးခင် ပြေးထွက်လာသည့် မိမိကိုနိုရာက ခဏကြောင်ကြည့်နေခဲ့ပြီးမှ  အသံကုန်အော်ကာ ပြေးလိုက်လာသည်။ အဆောက်အအုံကြီးတခုလုံးရဲ့အမြင့် ဘယ်လောက်ရှိလဲတော့မသိရ မော့်ကြည့်​နေမိတဲ့ ​ကောင်းဆက်ရဲ့နိုရာ့ လည်ပင်းကတော့ အနောက်သို့ပြတ်ကျလုမတတ်။

"ကောင်းဆက် ဒီ company က အရမ်းမိုက်တယ်ကွာ အလုပ်ရရင် ငါ သေပျော်ပါပြီ"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now