O

7.8K 920 11
                                    

အဲ့ဒီနေ့က ရှောင်းကျန့်ရဲ့ 3rd year second semesterဖြေပြီးတဲ့နေ့။

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

အဲ့ဒီနေ့က ရှောင်းကျန့်ရဲ့ 3rd year second semesterဖြေပြီးတဲ့နေ့။

စာမေးပွဲပြီးသွားတဲ့ ကျောင်းသားတွေရဲ့ထုံးစံအတိုင်း
ရှောင်းကျန့်တို့က အဖွဲ့လိုက်သာမက တစ်ခန်းလုံးရှိ
သူငယ်ချင်းတွေစုပြီး သောက်စားပျော်ပါးဖို့ဆုံးဖြတ်
လိုက်ကြတဲ့နေ့။

လူအုပ်စုလိုက်ပျော်ပါးရတာက ရှောင်းကျန့်ရဲ့
အကျင့်မဟုတ်ပေမယ့်လည်း ပျော်ပါးတတ်တဲ့
သူငယ်ချင်းတွေကိုမှ ပိုင်ဆိုင်ထားသည်ဆိုတော့
လည်း ဒီသူငယ်ချင်းတွေ ပျော်ပါးတဲ့နေရာမှန်သမျှ
ရှောင်းကျန့်ကလိုက်ရမည်ပင်။

ပျော်ပါးရာနေရာတွေများစွာရှိတဲ့အထဲကမှ
ယောက်ျားလေးတွေအများစုပါနေသည်မို့ သူတို့
ရွေးချယ်လိုက်သည့်နေရာက အေးဆေးဆိတ်ငြိမ်
သည့် အရက်ဘားတစ်ခုကိုပင်။

ဘားကအပြင်ပန်းသွင်ပြင် ထည်ဝါနေပြီး
အထဲမှာတော့ တသီးတသန့်ဆန်သည်။
တကယ်ဆိုရင် ပျော်ပါးချင်တဲ့သူတွေအတွက်
အံကိုက်မဟုတ်သည့်နေရာ။

အရက်လေးတစ်ခွက်မှာ အေးဆေးလေးထိုင်ပြီး
ဖွင့်ပေးထားတဲ့သီချင်းကို ရင်ဘတ်နဲ့အပြည့်
ခပ်ငြိမ်ငြိမ်လေးခံစားတတ်မှ အထဲကိုဝင်သင့်သည့်
ဘားပင်။

ဒါပေမယ့် အခန်းထဲကအပေါင်းအပါတွေက
ဘာစိတ်ကူးပေါက်သည်လည်းမသိ၊ ဒီဘားမှာ
ထိုင်ကြရအောင်ဆိုပြီး တညီတညွတ်တည်း
ပြောဆိုကြသည်။

အဲ့ဒီအထဲ ရှောင်းကျန့်တို့အဖွဲ့ထဲက ကျိုးဝေလည်း
အပါအဝင်ဖြစ်နေသည်။

လူအယောက်နှစ်ဆယ်လောက်ရှိတဲ့အဖွဲ့လိုက်ကြီးက
ဆိတ်ငြိမ်တဲ့ဘားအတွင်းဝင်ရောက်လာတာ နည်း"
တော့ ကြောင်တောင်တောင်နိုင်လွန်းလှသည်။

You Are My Brown Star [COMPLETED]Où les histoires vivent. Découvrez maintenant