🖤 ပထမဆုံး Heat ဝင်ခြင်း 🖤

Start from the beginning
                                    

" ဘယ်သူနဲ့တွေ့လိုက်လုပ်တုန်း... မပြန်သေးဘူးလား "

နာနာကျင်ကျင်နဲ့ အနည်းငယ်ပြုံးလိုက်မိသည်။

" အင်း အခုပြန်တော့မှာအကိုလျှိထုံ "

" ok....အား....ရှောင်ကျန့် ခဏလေး ညဘက်ပါတီတစ်ခုရှိတယ်။ မင်းအဖေက ငါ့ကိုပြောတယ်။ မင်းကိုပါခေါ်လာခဲ့တဲ့... "

ကျန့်ယွင် မျက်ခုံးပင့်လိုက်သည်။

" အင်း...အကို သွားမဲ့အချိန် ကျွန်တော့ကိုဖုန်းလှမ်းဆက်လိုက် "

ထို့နောက်အလုပ်ကိုထွက်လာခဲ့သည်။ နေ့လည်စာအတွက် အိမ်ကိုမပြန်ချင်ဘူး။ ဆေးတွေကိုကုမ္ပဏီမှာပဲ့ လက်စဖျောက်လိုက်ချင်ပေမဲ့ နေရာအနှံ CCTV တွေနဲ့မို့ အိတ်ကပ်ထဲသာထည့်ထားလိုက်ရသည်။

[ 7:05 pm ]

လျှိထုံနဲ့အတူပါတီပွဲကို တက်ခဲ့တယ်။ ပွဲမှာ အဖေနဲ့မိထွေးလည်း ရှိနေခဲ့တယ်။

" သားလေး ရှောင်ကျန့်လာပြီလား "

မိထွေးရဲ့ညူတုတု အသံကတော်တော်လေးကို နားဝင်ခါးလှပါတယ်။ အိမ်မှာတမျိုး လူကြားထဲတစ်မျိုးနဲ့ အမျိုးမျိုးပြောင်းလဲနိုင်လွန်းတယ်။ ထုံးစံအတိုင်း ကျန့်ယွင်က အေးစက်စက်မျက်နှာနဲ့သာ တုန့်ပြန်ခဲ့တယ်။

လုပ်ငန်းရှင်တွေကလည်း ကျန့်ယွင်ကိုမျက်နှာလို မျက်နှာရ ချီးကျူး​ကြသည်။ ကျန့်ယွင် စိတ်မပါပဲ ပြန်နှုတ်ဆက်နေရပေမဲ့ ရုတ်တရက်ပြင်းပြတဲ့ အနံတွေရလိုက်တယ်။

" ဘာ....အနံတွေ အကိုလျှိ.... "

ချင်လျှိထုံ ကိုရှာတော့ လုပ်ငန်းရှင်တစ်ချို့နဲ့ စကားလက်ဆုံကျနေခဲ့သည်။

" အား... ဘာလို့ အရမ်းပူလာရတာလဲ။ တစ်ယောက်ယောက် ငါသောက်မဲ့ ဝိုင်ထဲတစ်ခုခုထည့်ထားတာလား။ "

အခြေအနေမဟန်တာကြောင့် party ကနေထွက်လာဖို့ အလောတစ်ကြီး ပြင်ဆင်လိုက်သည်။ ခြေလှမ်းတွေကိုခပ်သွက်သွက်လှမ်းရင်း ထူးဆန်းတဲ့ ဖိအားရှိတဲ့ Alpha အများအပြားရဲ့ ဟော်မုန်းအနံတွေကို ရလိုက်သည်။

ရုတ်တရက် သူတိတ်တိတ်လေးရှာဖွေဖူးတဲ့ ABO အကြောင်းတွေက ပုံရိပ်တွေအဖြစ်ပေါ်လာခဲ့သည်။ထိုအချိန် သူကအန္တာရယ်များတဲ့ သားရဲအုပ်ထဲ ရောက်နေတာကို သတိထားမိလိုက်သည်။

I never said " Alpha "Where stories live. Discover now