"မသော်တာ...တဖက်မိဘတွေနဲ့ စကားပြောရအောင်လေ"

"ပြောရမှာပေါ့ ဒီနေ့တော့မဟုတ်သေးဘူး။ ကျွန်မသားအရမ်းကြောက်နေတယ်။အဲ့ဒီတော့ နောက်ရက်မှထပ်တွေ့ပါမယ် "

"အဲ့ဒီလိုမလုပ်ပဲနဲ့ တလက်စတည်းပြောလိုက်ကြပါ။ ကိစ္စကသေးသေးလေး မဟုတ်ဘူးလေရှင်"

"ဒီမှာ ဆရာမ!! ကိစ္စကသေးသေးလေး မဟုတ်တာသိပေမယ့် ဒီကိစ္စက ကျွန်မသားလုပ်ခဲ့တာမဟုတ်ဘူး။ စကားပြော တချက်ဆင်ခြင်ပေးပါ။ နောက်ပြီး​တော့ သားကို အခြားကလေးတွေနဲ့တန်းတူ ပေးချေရမယ့်ပမာဏအတိုင်း ပေးချေပြီး ဒီမှာအပ်ခဲ့တာပါ။ မိဘတွေရဲ့ကွယ်ရာ ဆရာသမားဆိုတဲ့ ဂုဏ်ပုဒ်ပိုင်ရှင်လက်ထဲ သူများနည်းတူ ကျွန်မအပ်နှံခဲ့တာ။"

"ဟုတ်ပါတယ် ကျွန်မ...."

"ခဏ​လေး ကျွန်မပြောလို့မပြီးသေးဘူး။ ဖြစ်ခဲ့တဲ့ ကိစ္စဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဆရာမနဲ့မပတ်သတ်ဘူးလေ။ ဘာကြောင့်များ ၄နှစ်အရွယ်ကလေးကို လူကြီးတစ်ယောက်ဆွဲလွဲတာကို မတားတာလဲ၊ ဘာကြောင့်များ ကြောက်လွန်းလို့တုန်​နေတဲ့ ကလေးတစ်ယောက်ကို နည်းနည်းလေးတောင် မဖေးမတာလဲ"

"ကျွန်မ ဖေးမခဲ့ပါတယ် မသော်တာ။"

"ဒါဆို ကျွန်မသားက ဘာလို့ ကျွန်မဒီကိုရောက်တဲ့အချိန် ထောင့်လေးထဲမှာ ကုပ်ကုပ်လေး တစ်​ယောက်တည်း ထိုင်​နေခဲ့တာလဲ၊ အနားမှာဘယ်သူမှရှိမနေလို့ အားကိုးရာအဖြစ် သူ့စာအုပ်လေးကိုပဲ အားကိုးတကြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားရတာလဲ။ ပြောကြည့်ပါဦး!!"

"............"

သူမထံက ဒေါသစွက်နေသောအသံ၊ ဒိုင်းခနဲရောက်ရှိသွားသည့် အကြည့်စူးစူးတွေ​အပြင် ပြန်လည်ချေပရန်မဖြစ်နိုက်သည့် အခြေအနေကြောင့် ထိုဆရာမငြိမ်ကျသွားခဲ့သည်။ သို့သော် အပြင်ဘက်ဆီလှမ်းထွက်နေသည့် ခြေလှမ်းတွေ ရပ်တန့်အောင်တားလိုက်သူ ထပ်မံရှိလာခဲ့ပြီး ထိုသူမှာ ကြေကြေကွဲကွဲငိုနေခဲ့သည့် အမျိုးသမီးဖြစ်သူနဲ့ သူ့အမျိုးသားဖြစ်သူ တနည်းအားဖြင့် မနေ့ညကသေဆုံးသွားခဲ့သည့် သားရဲ့အတန်းဖော်ကလေးရဲ့မိဘတွေပင် ဖြစ်သည်။ သေဆုံးသူကလေးရဲ့ မိခင်ဖြစ်သူက မို့အစ်ကာပေါက်ကွဲလုမတတ် မျက်လုံးတစ်စုံကို အတင်းဖွင့်ကာ သူမတို့ သားအမိထံသို့စူးရဲစွာကြည့်သည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now