အပိုင်း၈၈[U]

Start from the beginning
                                    

ဆံပင် လေမှုတ်ပြီးသွားသည့် နောက်တွင် ၊ ချူးယိက ဆံပင်မှုတ်စက်ကို သေချာ သိမ်းဆည်းလိုက်ပြီး ၊ ကိုယ့်ဖုန်းကိုယ် ထုတ်ယူ၍ ဆိုဖာပေါ် ထိုင်လိုက်သည်။

ရှောင်ကျဲကျဲ ဆွဲထားသည့်ပုံက မှတ်ချက်ထဲတွင် မရှိပေ။သို့သော်လည်း ရှာဖို့က အတော်လေး လွယ်သည်ပင်။သွားရှာနေဖို့ပင် မလိုချေ။လူတစ်ယောက်က ရှောင်ကျဲကျဲ၏ ID ကို မှတ်ချက်ထဲတွင် ချပေးထားသည်။

သူ နှိပ်ကြည့်လိုက်ရာ ၊ ခုနက ပုံကို တွေ့လိုက်ရသည်။

သူ တစ်ခါတည်း ဒုတိယမြောက် ပုံကို နှိပ်ကြည့်လိုက်သည်......အမှန်တော့ သူ ခုနကတည်းက တစ်ချက်ကြည့်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်ပင်။သို့သော်လည်း ထိုအနေအထားက တကယ်ပဲ ဘယ်လိုပုံစံလဲ ဆိုသည်ကို သူ တစ်ချက်လောက် အတည်ပြုကြည့်ချင်နေမိသည်။

အမှန်အတိုင်း ပြောရပါလျှင် စကားပြောစရာဆိုစရာ လူမရှိပဲ ၊ နေ့တိုင်း ငေးငိုင်၍ လူများကို ပုန်းရှောင်နေရသည့် ပတ်၀န်းကျင်တွင် ကြီးပြင်းလာခဲ့သော သူ့အဖို့ ၊ ထ်ိုးနှက်ချက်က နည်းနည်းတော့ ကြီးမားသည်ပင်။

ဒီလိုပုံမျိုးကို ပထမဆုံး မြင်လိုက်ရလျှင် တစ်ခြားသူတွေ ဘယ်လိုခံစားချက်မျိုး ခံစားသွားရမလဲကိုတော့ သူ မသိပေ။အကြိမ်တော်တော်များများ ကြည့်တာတောင်မှ ဒီအနေအထားက တကယ်ပဲ ဘယ်လိုဖြစ်နေသလဲဆိုသည်ကို လုံး၀ နားမလည်ဖြစ်နေမိသည့် အခြေအနေမှာတောင် ၊ အရှက်တရား ကင်းမဲ့စွာဖြင့် မာလာခဲ့သည်။

အချိန်အခါမသင့် မာလာသည့် မိမိ၏ တုန့်ပြန်မှုကို ပြေလျော့သွားစေရန်အတွက် ၊ သူ ဖုန်းပေါ်ကို တစ်ချက် ဆွဲကြည့်လိုက်ရာ ၊ တတိယမြောက်ပုံဆီ ရောက်သွားခဲ့သည်။

ဒီရှောင်ကျဲကျဲက လူရမ်းကား တစ်ယောက် ဖြစ်နိုင်လောက်တယ် !

တိတိယမြောက်ပုံမှာ အနှစ်ချုပ် ပြောရလျှင် ဒုတိယမြောက်ပုံနှင့် ဘာကွာခြားချက်မှ မရှိပေ။အနေအထား ပြောင်းလဲသွားရုံသာ ရှိသည်။မျက်နှာချင်းဆိုင် အနေအထားဖြင့် တစ်ယောက်က လှဲနေပြီး ၊ တစ်ယောက်က အုပ်မိုးထားသည့် အနေအထားမှ ၊ တစ်ယောက်က ဒူးထောက်ထားပြီး တစ်ယောက်က ဖိအုပ်ထားသည့် အနေအထားသို့ ပြောင်းလဲသွားခဲ့သည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now