ယမ့်ဟန်က ပြန်ဖြေလိုက်ရင်း သူ့အိတ်ကို ကောက်သယ်လိုက်သည်။
"ငါသယ်ပေးမယ်"
ချူးယိက ယမ့်ဟန်၏ အိတ်ကို လှမ်းယူလိုက်သည်။
"ခြေထောက်ကျိုးနေတဲ့သူက"
ယမ့်ဟန်က ချူးယိခြေထောက်ကို တစ်ချက်ကြည့်လိုက်ပြီး
"ဘာကို သယ်နိုင်မှာလဲ?"
"ဘာမှ,မဖြစ်တော့ဘူး"
ချူးယိက အိတ်ကိုသယ်ပြီး လူနာခန်းထဲကနေ လှည့်ထွက်သွားခဲ့သည်။
ဘာမှမဖြစ်တော့ဘူးဟု ပြောသော်လည်း မဖြစ်နိုင်ပေ။ဒီရက်တွေအတွင်းတွင် အရောင်ကျကာစပဲ ရှိသေးသည်။သို့သော်လည်း ခုန်ပြီး သွားနေစရာ မလိုတော့ပေ။မခုန်မပေါက်ပါက ကြီးကြီးမားမား ပြဿနာ မရှိတော့ချေ။လမ်းလျှောက်တာ နည်းနည်း ထော့နဲ့ နေသော်လည်း သက်ရောက်မှု မရှိပေ။သို့သော်လည်း ကြည့်ရသည်မှာတော့ မသန်စွမ်းသည့် ခန္ဓာကိုယ်ဖြင့် သန်မာချင်ယောင် ဆောင်နေသလို ထင်နေရဆဲပင်။
လူနာခန်းကနေ လှေကားဆီ လျှောက်လာခဲ့ပြီး ကားပါကင် ရောက်သည်အထိ ၊ ချူးယိက လေးဖက်လေးတန်ကို ဂရုတစိုက်ဖြင့် ကြည့်နေခဲ့သည်။ထိုလူနှင့် ထပ်ပြီး တွေ့နေမှာ စိုးလို့ပင်။
နှစ်ခေါက်လောက် ကြည့်ပြီးနောက်မှာတော့ ယမ့်ဟန်နှင့် ချွေးယိကလည်း သူနှင့် သိပ်မကွာကြောင်းကို သတိထားလိုက်မိသည်။မကြာမကြာဆိုသလို ဘယ်ညာကို ကြည့်နေတတ်ကြသည်။ပုံစံများကို ကြည့်လိုက်လျှင် သူ့ထက် နည်းနည်း ပိုပြီး တည်ငြိမ်နေကြသည်သာ ကွာသည်။
"အိမ်မှုကိစ္စတွေ လုပ်ပေးမဲ့ အဒေါ်ကြီးတစ်ယောက်ကို ဦးလေး ငှါးထားပေးတယ် ၊ နေ့တိုင်း မင်းအတွက် အာဟာရဖြစ်စေမဲ့ အစားအသောက်နှစ်နပ်စာ လာချက်ပေးလိမ့်မယ်"
ချွေးယိက ကားတံခါးကို ဖွင့်ပြီး ကားပေါ်တင်လိုက်ကာ
"ဒီအတောအတွင်း မင်း ငြိမ်ငြိမ်လေး နေပြီး ပြန်ကောင်းလာအောင် လုပ် ၊ အပြင်မထွက်နဲ့"
အပိုင်း၅၈[U]
Start from the beginning