"ငါ သစ်ခေါင်းပေါက်ထဲမှာ စကားပြောခဲ့ဖူးတယ်"
ယမ့်ဟန်က ရယ်လိုက်ပြီး
"မင်း တစ်ချက်လောက် သွားနားထောင်ကြည့်လိုက် ၊ ကြားရလား မကြားရဘူးလား ကြည့်ကြည့်ရအောင်?"
"မင်း ဘာပြော,ပြောခဲ့တာလဲ?"
ချူးယိက အတော်လေး အံ့သြသွားခဲ့သည်။
"သစ်ခေါင်းပေါက်ကို ပြောခဲ့တာလေ ၊ မင်းကို ဘယ်လိုလုပ် ပြောပြလို့ရမှာလဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်း သွားနားထောင်ကြည့်လိုက်"
ကြည့်ရသည်မှာတော့ ချူးယိက သစ်ခေါင်းပေါက်နား သွားနေပုံပင်။အတော်ကြာသွားကာမှ စကားဆိုလာသည်။ :
"မက်း ငါ့ကို ခွေး,ခွေးအလို့ ခေါ်ခဲ့တာ မ,မဟုတ်လား?"
ယမ့်ဟန်က ရယ်လိုက်ပြီး :
"ကြားရတယ်လား?"
"ငါ ခန့်မှန်းလိုက်တာ"
ချူးယိကလည်း ရယ်၍ ပြန်ဖြေလိုက်သည်။
"ငါ ခွေးအလို့တော့ တကယ်ကြီး တစ်ခါခေါ်လိုက်သေးတယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"ဘယ်,ဘယ်အချိန်တုန်းက ကိစ္စလဲ?"
ချူးယိ၏ အသံက ခုနကလို တုန်ယင်နေခြင်း မရှိတော့ပေ။အသံကို နားထောင်ရသလောက်တော့ စိတ်အခြေအနေလည်း အတော်လေး ပြန်ကောင်းလာသည့်ပုံပင်။
"ငါ ထွက်မသွားခင်တုန်းက"
ယမ့်ဟန်က ပြောလိုက်သည်။
"အဲ့နေရာကို သွားပြီး မင်းကို နှုတ်ဆက်စကား ပြောခဲ့တာ"
"တကယ်ကြီး?"
ချူးယိ၏ အသံက ကျယ်လာသည်။
"အင်း"
ယမ့်ဟန်က အသံပြန်ပေးလိုက်သည်။
အပိုင်း၅၀[U]
Start from the beginning