အပိုင်း၄၈[U]

Start from the beginning
                                    

သို့သော်လည်း ယခု မိမိ၏ စိတ်ခံစားချက်ကို သိပ်ပြီး မရှင်းလင်းပေ။

သူ ရုတ်တရက် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။

ငယ်ငယ်လေးကတည်းကနေ အခုအချိန်အထိ သူ သူငယ်ချင်း မရှိဖူးခဲ့ပေ။ယမ့်ဟန်က သူအတွက်တော့ ၊ အရာတော်တော်များများ၏ "ပထမဆုံး" ပင်။

သူ့ကို ပထမဆုံး စောင့်ရှောက်ပေးသူ ၊ သူ့အတွက် ကူပြီး ရန်ဖြစ်ပေးခဲ့သည့် ပထမဆုံးသူ ၊ သူ၏ သစ်ခေါင်းပေါက်အား ပထမဆုံး သိသွားခဲ့သည့်သူ ၊ သူ့ကိုအိမ်ခေါ်ပြီး ထမင်းကျွေးခဲ့သည့် ပထမဆုံးသူ ၊ သူနှင့် ညနေတိုင်း အတူတူပြေးခဲ့သည့် ပထမဆုံးသူ.......

မိမိကိုယ်ကို နည်းနည်းချင်း ပြောင်းလဲချင်စိတ် စပြီး ၀င်လာအောင် လုပ်ပေးခဲ့သည့် ပထမဆုံး သူ။

တစ်နိုင်ငံလုံးရှိ ရှောင်လီအကင်ဆိုင်၏ ဆိုင်းပုတ်က ဘယ်လိုပုံစံရှိသလဲဆိုတာကို သူ့အား ရှာကြည့်စေခဲ့သည့် ပထမဆုံး သူ။

အရမ်းကို များလွန်းလှသည်။အရင်ဆယ်စုနှစ်များ၌ လမ်းကြောင်းတစ်ခုတည်းအပေါ် ရှင်သန်ခဲ့သည့် အရူးလိုမျိုး ဘာဆိုဘာမှ မရှိခဲ့ပေ။ယမ့်ဟန် ထွက်ပေါ်လာပြီး နောက်မှသာ ၊ တကယ့်လက်တွေ့ဘ၀ကို သူ စတင်၍ ထိတွေ့ခံစားလိုက်ရသည်။

ယမ့်ဟန်က သူ့အတွက် အရမ်းကို အရေးပါသည်။

သို့သော်လည်း ထိုအချက်က ကျိုးချွမ်းရန်ပြောသည့် "ခံစားချက်တစ်ခုခုရှိနေသည်"ဆိုသည့် ကိစ္စနှင့် သက်ဆိုင်နေသလားက်ိုတော့ သူလည်း သေချာမသိပေ။

"မင်း ဘယ်,ဘယ်လို သိလဲ"

ချူးယိက အသားတုံးကို ထိုးညှပ်ထားသည့် ခက်ရင်းကို ကိုင်ထားဆဲဖြစ်ပြီး

"သူ မင်းကို သဘောကျ,မကျကို"

"ငါ မသိဘူးလေ"

ကျိုးချွမ်းရန်က ပြောသည်။

"သူက ဟုတ်လား မဟုတ်ဘူးလား ဆိုတာကိုတောင် ငါ မသိသေးဘူး ၊ ငါက ဒီအတိုင်း မင်းတို့နှစ်ယောက်ကို ကြည့်ရတာ .......ဘာပဲဖြစ်ဖြစ် ဟုတ်လား မဟုတ်ဘူးလားဆိုတာကို မေးကြည့်လိုက်ရင် ရတာပဲ ၊ မဟုတ်ဘူးဆိုရင်လည်း ငါ တောင်ပန်လိုက်မယ်"

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now