အပိုင်း၄၆[U]

Start from the beginning
                                    

ချူးယိမှာ ခြေလှမ်းနေသည့် အရှိန်ကို လျှော့ချလိုက်မိပြီး ၊ သစ်ပင်နှင့် ကံအကြောင်းတိုက်ဆိုင်စွာ မိမိ၏ မျက်နှာနှင့် ကွက်တိဖြစ်နေပြီး လက်ဖြင့်ပွတ်တိုက်မှုကြောင့် ချောမွတ်သွားသည့် သစ်ခေါင်းပေါက်ကို ရုတ်တရက်ဆိုသလို သတိရမိသွားသည်။

အခုဆိုလျှင် လှပသည့် မြို့ကြီးတစ်မြို့ထံ သူ ရောက်နေပြီဖြစ်ပြီး ၊ ယမ့်ဟန် ၊ တောင်တန်း ၊ ပင်လယ် ၊ အတန်းဖော်များ ရှိနေပြီပင်.......အကယ်၍ အိမ်ပြန်သွားပါက ၊ သူ သစ်ခေါင်းပေါက်ထံတွင် မျက်နှာအပ်ကာ နာရီ၀က်လောက် မနားတန်း ပြောပြလို့ ရလောက်ပြီဖြစ်သည်။

သူ ကန်တင်းမှာ ထမင်းသွားမစားတော့ပေ။ထမင်းစားပြီးမှ ယမ့့််ဟန်အိမ်ကို သွားလျှင် ညနေပိုင်းအချိန်နှင့် အရမ်းနီးကပ်သွားမည်ဖြစ်ပြီး ၊ ကားပေါ်တွင် လူအလွန်ကြပ်တော့မည်ပင်။နည်းနည်းလောက် စောသွားလိုက်ပြီး ရှောင်လီအကင်င်ဆိုင်ဆီ သွားစားလို့ရသည်ပင်။

ဘတ်စ်ကားပေါ် တက်လိုက်ပြီးနောက်မှာတော့ သူ ယမ့််ဟန်ဆီ စာလှမ်းပို့လိုက်သည်။

-ငါ ကားပေါ်ရောက်နေပြီ

-အင်း ၊ အရင်ဆုံး မင်းတစ်ယောက်တည်း ခဏလောက် နေနေလိုက်ဦး ၊ ငါ ဒီနေ့ အလုပ်ဆင်းတာ နောက်ကျမှာ

-ငါ့ကို ဂရုစိုက်မနေပါနဲ့

ထိုစာကို ပြန်ပို့ပြီးနောက်မှာတော့ ချူးယိသည် ဖုန်းကိုကိုင်ထားရင်း ခဏလောက် စောင့်ကြည့်လိုက်သည်။သူ ပြောသည့်အတ်ိုင်း ယမ့််ဟန်က သူ့ကို ဂရုမစိုက်ိုက်တော့ပေ။ထ်ိုအချိန်ကျမှသာ ဖုန်းကို လွယ်အိတ်ထဲ ပြန်ထိုးထည့်လိုက်သည်။

ဘတ်စ်ကားပေါ်မှ ဆင်းသည့်အချိန်တွင် နေရောင်ပျောက်ကွယ်သွားပြီဖြစ်ပြီး ၊ တိုက်ခတ်လာသည့် လေများက အနည်းငယ် အေးစက်နေသည်။

လမ်းဘေးနှစ်ဖက်နှစ်ချက်ရှ်ိ ထမင်းဆိုင်များထဲတွင် မီးရောင်များ လင်းလက်လာပြီး ၊ လမ်းမပေါ်တွင် လမ်းလျှောက်နေကြသည့် လုများကလည်း အလောတကြီး သွားလာနေကြသည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now