ကျိုးချွမ်းရန်က ပြောလာသည်။
"ငါက ဒီလို၀ယ်ကျွေးရတာကို ပျော်နေတာ ၊ အကုန်လုံး အတူတူ စစနောက်နောက်နဲ့ နေရတာကို သဘောကျတယ်"
ရေသောက်ပြီးသွားသည့် နောက်မှာတော့ ၊ အကုန်လုံး ကျောင်းပေါက်၀ဆီက်ို အတူတူ လျှောက်လာခဲ့ကြသည်။ကျိုးချွမ်းရန်က အကုန်လုံးကို ခေါ်ပြီး ဟော့ပေါ့ဆိုင်ဘက်ကို ထွက်သွားခဲ့ပြီး ၊ ချူးယိနှင့် ယမ့်ဟန်ကတော့ ကားငှါးလိုက်ပြီး မြို့ထဲထွက်လာခဲ့လိုက်သည်။
"ပျော်ရွှင်စရာ မွေးနေ့ပါ"
ကားပေါ်တက်ပြီးနောက်မှာတော့ ချူးယ်ိ ယမ့်ဟန်ကို ပြောလိုက်သည်။
အမှန်တော့ မွေးနေ့ကို ဖြတ်သန်းဖူးသည့် အတွေ့အကြုံမျိုး သူ့မှာ မရှိတာကြောင့် ၊ အဆင့်တွေ ကျော်သွားမိမှာ စိုးရိမ်နေမိသည်။ယမ့်ဟန်ကို တွေ့လိုက်သည့် အချိန်က စပြီး ၊ သူ တစ်ချိန်လုံး ကိုယ့်က်ိုကိုယ် သတိပေးနေမိသည်။ခဏနေကျရင် ပျော်ရွှင်စရာ မွေးနေ့ပါဟု ပြောရန်ပင်။
"ကျေးဇူးပဲ"
ယမ့်ဟန်က ပြုံး၍ ပြောလာပြီး ၊ အနားကို ထပ်တိုး၍ လေသံတိုးတိုးဖြင့် မေးလာသည်။
"လက်ဆောင်ယူလာခဲ့လား?"
"အင်း"
ချူယိ ခေါင်းညိတ်ပြ၍ ၊ စဥ်းစားနေရင်း သက်ပြင်းချလိုက်မိကာ
"ပုံမှန်လူတွေက ဒီ,ဒီလ်ိုမျိုး လူ,တွေဆီကနေ လက်ဆောင်ကို တတွတ်တွတ် တောင်းကြတာလား?"
"ငါက ဒီလိုမျိုး လက်ဆောင်ကို တတွတ်တွတ်တောင်းတတ်တဲ့ ပုံမှန်လူပဲ"
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ပြီး
"ငါက စောင့်ရှောက်ခ တောင်းနေတာပဲလေ"
ချူးယိ ရယ်လိုက်မိပြီး ၊ လွယ်အိတ်ကို ကိုင်မြှောက်၍ ရိုက်ပြလိုက်ကာ ၊ အသံကို နှိမ့်၍ ပြောလိုက်သည်။ :
"ဒိီမှါ"
"တိုးတိုးတိတ်တ်ိတ် ပြောနေတာက"
ကားဆရာအစ်ကိုကြီးက ပြောလာသည်။
"ငါ လုယူသွားမှာ ကြောက်လို့လား?"
![](https://img.wattpad.com/cover/273544582-288-k78175.jpg)
အပိုင်း၄၃[U]
Start from the beginning