အပိုင်း၃၃[U]

Start from the beginning
                                    

စိတ်ငြိမ်သွားသည့် နောက်မှသာ ၊ သူ့ အတွေးများမှာ ၊ ဘာခံစားချက်မှ မရောထွေးနေတော့ပဲ တကယ့်အမှန်တရားကိုတွေးတောလာနိုင်သည်။

သို့သော်လည်း ဤကဲ့သို့သော အနေရခက်စရာ စကားမျိုးကို ၊ သူ တစ်ခါမှ မပြောဖူးခဲ့ပေ။

ဤစကားမျိုး သူပြောထွက်သွားမိသည်မှာ ၊ သူ့အတွက်တော့ အခြေအနေနှစ်မျိုး ရှိသည်။ရှိသမျှ သတ္တိတွေအားလုံး ထွက်ပေါ်လာကာ ပြောမိသွားခြင်း ၊ ဒါမှမဟုတ် အမှုမဲ့အမှတ်မဲ့ဖြင့်ပြောထွက်သွားခြင်းပင်။

သူ အမှုမဲ့အမှတ်မဲ့ဖြင့် ပြောထွက်သွားတာ ဖြစ်နိုင်လေသည်။

​ထိုစကားကို ထုတ်မပြောရသေးခင်က ၊ မိမိမှာ ဘာပြောဖို့ စဥ်းစားနေသလဲကိုပင် မသိတော့ချေ။

ပြောထွက်သွားပြီးနောက်မှတော့ သူ အရမ်း အံ့သြသွားခဲ့သည်။

ချူးယိ ၊ မင်း ဘာပြောလိုက်တာလဲ?

ယမ့်ဟန်က ရယ်လိုက်ပြီး ၊ သူ့ပခုံးကို အသာလေး နှစ်ချက်ပုတ်လာကာ ၊ ဘာစကားမှ မပြောပေ။

ဤစကားက ယမ့်ဟန်ကို စကားမဆက်နိုင်အောင် ဖြစ်သွားစေသည်ဟု သူ ထင်လိုက်မိသည်။

ယမ့်ဟန်နေသည့် အိမ်ရာမှာ အတော်လေး အဆင့်အတန်းမြင့်ပြီး ၊ တံခါး၀တွင် လုံခြုံရေးတစ်ဦးက ခပ်မတ်မတ် မတ်တပ်ရပ်နေလျက်ရှိသည်။

ဒီအ်ိမ်ရာကို မြေပုံပေါ်ကနေ ချူးယိကြည့်ခဲ့ဖူးသော်လည်း ၊ မြေပုံက တံခါး၀၏ လမ်းဘေးထိသာ ၀င်လို့ရပြီး ၊ အိမ်ရာထဲထိ ၀င်လို့မရပေ။

အခု ယမ့်ဟန်နဲ့အတူ အိမ်ရာထဲ လျှောက်လာသည့် အချိန်မှာတော့ ၊ အံ့သြပြီး ၊ အေးချမ်းကာ ရင်းနှီးနေသလို ခံစားနေရသည်။

အိမ်ရာထဲတွင် သစ်ပင်အများကြီး ရှိပြီး ပန်းများလည်း ပေါက်နေသေးသည်။အခုအချိန်မှာတော့ လူများစွာက ထိုလမ်းတစ်လျှောက်တွင် လမ်းလျှောက်နေကြသည်။

"ပတ်၀န်းကျင်က တ,တကယ်ကောင်းတယ်"

ချူးယိ ပြောလိုက်သည်။

"အင်း ၊ ခဏနေကျရင် မင်းကို သူငယ်ချင်းလေးတစ်ယောက်ကို ကြည့်ဖို့ ခေါ်သွားပေးမယ်"

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now