"ငါလည်းသူနဲ့တွေ့ပြီး ဘာပြောရမှန်းတောင်မသိတော့ဘူး ဂေးဆိုလည်းဂေးပေါ့ကွာ"

"ဟေ့ရောင်ရေ ငါတို့ထဲကအချမ်းသာဆုံး လျှန်းရှိုးသီဟိုရ်က ဂေး‌ကြီးဖစ်သွားပြီ"

Show Clubတွင်ဖစ်သည်။ ရှိုးနှင့်ငယ်ငယ်လေးထဲက ပေါင်းလာသော မင်းသစ္စာနှင့် ဟန့်ဘညားက ရှိုးအပြောကြောင့် ရယ်‌ေနကြခြင်း။

"ထပ်ရယ်နေရင် မင်းတို့အာတွေကို ငါ့လက်နဲ့ဆွဲဖြဲပစ်တော့မယ်"

ထိုသို့ပြောပြီးသည်နှင့်ရှိုးက အရက်ခွက်ကိုကိုင်ကာ မော့သောက်လိုက်သည်။ အသက်ဆယ့်ရှစ်ကျော်" ရှိုးက လူငယ်ပုံစံထက် လူကြီးဘက်ဆန်သည့်ဘက်ကိုသွားသည်၊ လည်ဇလုတ်ကြီးကြီး မေးရိုးကားကားမျက်နှာနှင့် အမြဲလိုလို ကျုံ့ထားသည့် မျက်ခုံး၊ ဆံပင်ရှေ့သို့ချထားတာကြောင့် မျက်လုံးကိုသိပ်မမြင်ရ။ ဖြောင့်ဆင်းသောနှာတုံအဆုံးမှာ အနည်းငယ်ချွန်နေသည်က ရှိုးနှင့်ကြည့်ကောင်းသလို။  ရှိုးကို ပျိုမဒီတွေဆွဲတာကတော့ ရယ်လိုက်တိုင်းပေါ်လာသည့် ယုန်သွားလေးတွေဖစ်သည်။

"အေးပါဟယ်"

"ဘာဟယ်လဲ မိန်းမကြီးကျနေတာဘဲ"

ဟန့်ဘညားအပြောကို မင်းသစ္စာက ဆိုလိုက်လျှင် ရှိုးက ယုန်သွားလေးပေါ်ကာ ရယ်၏။

"‌ရှိုး~"

အသဲပုံစံအကျီ၀တ်ထားသည့် မိန်းမတစ်ဦးက သူမ၏ရင်နှစ်မွှာအား ယောက်ျားတိုင်းမြင်အောင်ပြနေသလို။ ထိုမိန်းမက ရှိုးအနား၀င်ထိုင်ကာ ရှိုးသောက်ထားသည့်အရက်ခွက်ကို ကိုင်ပြီး ရှိုးသောက်ထားသည့်နေရာကနေ သူမတဖန်ပြန်သောက်၏။

ထိုအခါ မင်းသစ္စာနှင့်ဟန့်ဘညားက 'မခေဘူး' ဆိုသောအကြည့်ဖြင့် ရှိုးအားကြည့်လျှင်

"ငါပြန်တော့မယ်"

"ရှိုး~နေပါအုံး တို့နဲ့ဒီညကဲရအောင်"

အတင့်ရဲလွန်းသည့်မိန်းမက ရှိုးအနားကပ်ကာ ရှိုး၏ဘောင်းဘင်ဇစ်နားတွင် သူမ၏လက်ချောင်းများအားပြေးလွှားစေ၏။ နဂိုထဲကမှ ရေမွှေးနံ့မခံနိုင်‌ေသာ ရှိုးသည် ထိုမိန်းမကို အားနှင့်တွန်းဖယ်ပြီး မတ်တပ်ထရပ်ကာ

MOUM{Completed}Where stories live. Discover now