" သတို့သား နှစ်ဦး လက်စွပ်လဲလှယ်နိုင်ပါပီ"
Church ကျောင်းတစ်ခုတွင်းက သတို့သား နှစ်ဦးနဲ့ ရှေ့နေတစ်ယောက်၊ဖာသာတစ်ယောက်သာ ရှိတဲ့ မင်္ဂလာပွဲလေးက လက်စွပ်လဲလှယ်အပီးမှာ အနမ်းတစ်ပွင့်တောင်မပါပဲ အလွယ်တကူပြီးမြောက်သွားခဲ့တယ်....
"မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ် သခင်လေးတို့
အမွေကိစ္စတွက် မနက်ဖြန်စာရွက်စာတမ်းတွေပြင်ဆင်ပြီးကျွန်တော် လာခဲ့ပါမယ်"
"ကောင်းပါပြီ ရှေ့နေကြီး"
ရှောင်းကျန့်ကေတာ့ အပြုံးလေးနဲ့ပဲရှေ့နေကြီးကို နှုတ်ဆက်လိုက်တယ်.....
နောက်ဆုံးတော့ ဘာသွေးသားမှ မတော်စပ်တဲ့ ညီလေးဆီကနေ သူလွတ်မြောက်တော့မှာပဲ
အမွေကိစ္စသာအပြတ်ဖြတ်ပီးရင် သူနဲ့ရိပေါ်ကထပ်ပြီးပတ်သက်စရာမရှိတော့ဘူး...
ရှေ့နေကြီးထွက်သွားတာနဲ့ ရှောင်းကျန့်က ရိပေါ်လက်မှာချိတ်ထားတဲ့ သူ့လက်တွေကိုပြန်ရုတ်လိုက်တယ်.....
"ဒီည ငါကွန်ဒိုမှာပဲ အိပ်မယ် ရိပေါ်
မင်းကားငှားပီး အိမ်ပြန်နှင့်လိုက်တော့"
ရှောင်းကျန့်က ဘွဲ့ရပီးအလုပ်ဝင်ထဲက အိမ်မှာမနေပဲ ကွန်ဒိုမှာနေခဲ့တာ ၂နှစ်ရှိပီ
ရိပေါ်ကတော့ ကျောင်းတက်ရင်းပဲ မားတို့နဲ့အတူ အိမ်မှာပဲနေတယ်
ရှောင်းကျန့်ကတစ်ပတ်တစ်ခါတော့အိမ်ပြန်ပါတယ်
"ဒါဆို ငါပြန်ပီ ရှောင်းကျန့်"
ရိပေါ်က ရှေ့ရောက်လာတဲ့ Taxi ကိုတားရင်း သူ့စကားကို ငြင်းဆန်ခြင်းမပြုပဲ အိမ်ကိုပြန်သွားပါတယ်...
တစ်ကယ်တော့ရိပေါ်နဲ့ရှောင်းကျန့်က ၆နှစ်ကွာပါတယ်....
ရှောင်းကျန့်အသက် ၁၆နှစ်ပြည့်မွေးနေ့ မှာ သူတို့အိမ်ကို သူ့မိဘတွေနဲ့အမြဲအလည်လာနေကြ
ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကိုမားကခေါ်ဆောင်လာခဲ့တယ်...
" သားကျန့် ဒီနေ့ကစပြီးရိပေါ်ကို သားညီအရင်းလေးလို ဂရုစိုက်ရမယ်နော်...
သားလဲ မားတို့ကို ညီလေးလိုချင်တယ်ပြောထားဖူးတယ်မလား "
