🍑Oh!My Little Crush🍑
🍓HunHan🍓
A. N. ဦးစွာပထမပြောချင်တာက ဒီ fic ကလေးက fanficဆိုပေမဲ့ မြန်မာ oc ficဆန်ဆန်ရေးပါ့မယ်.. မြန်မာအိုစီဆန်ဆန်ဆိုတာက ပါတဲ့ဇာတ်ကောင်တွေကလွဲရင် ကျန်တာမြန်မာစကားအပြောအဆို.မြန်မာအစားအစာ.ဓလေ့.ဝတ်ပုံစားပုံ.သီချင်းအစုံပေါ့နော် မြန်မာအသွင်အပြင်ဘဲရေးမှာပါ.. အမှန်တိုင်းပြောရရင် k ရဲ့ဓလေ့.အစားအစာတို့အစုံပေါ့ အဲ့တာတွေလေ့လာအားနည်းလို့ မသိလို့ပါ.. ဇာတ်ကောင်တွေကတော့ idol တွေပေါ့။ အရံဇာတ်ကောင်တွေကို တခြား idol gp က idol များကိုသုံးထားပါတယ်။ idol တွေသုံးထားရှစ်ထားမိတာကိုမကြိုက်ခဲ့ရင် ကြိုတင်တောင်းပန်ချင်ပါတယ် 🙏🏻. ကြိုပြောရခြင်းက စာဖတ်ရင်းကသိကအောက်ဖြစ်မှာစိုးလို့ပါ။
ဇာတ်လမ်းအစ..
''sorry မမ.. ကျနော်နည်းနည်းနောက်ကျသွားတယ်.''
စားပွဲမှာဝင်ထိုင်ရင်းပြောလိုက်တော့ စိတ်ဆိုးနေသယောင်မျက်နှာနဲ့သူမက
''နည်းနည်းမဟုတ်ဘူး ဟွန်းရဲ့.. မ တစ်နာရီနီးပါးထိုင်စောင့်နေရတာ''
''ကျနော်နာရီမကြည့်လိုက်မိဘူး.. ''
''ဟွန်းရဲ့အချိုးတွေပြောင်းနေတာကောသတိထားမိလား.. ဘာလဲအသစ်တွေ့နေလို့လား.''
''အဟက် ကျနော်ကအရင်ကလဲ ဒီအချိုးဘဲဆိုတာကော မမက သတိမထားမိတာလား.''
''တော်ပြီ.. မ ရန်မဖြစ်ချင်ဘူး ဟွန်းကိုပြောစရာရှိလို့စောင့်နေတာ.. ''
သူကပြောဆိုတဲ့သဘောနဲ့ မေးဆတ်ပြသည်။
''မနေ့က မတို့နှစ်ယောက်ကို ဒယ်ဒီကမြင်သွားတယ်.. အဲ့တာ ဟွန်းကိုအိမ်ခေါ်လာဖို့ပြောနေတယ်..''
သူမဲ့ပြုံးပြုံးမိသွားသည်။ ဒီလိုပါဘဲ တွဲလာတဲ့မိန်းကလေးတွေအကုန် ဒီအတိုင်းဘဲ.. အရူးအကွက်တွေက သူ့အတွက်ရိုးဟိုးဟိုးနေပြီ
ထိုစဥ်..
''ကိုကို..''
မိန်းကလေးတစ်ယောက်က သူ့လက်ကိုချိတ်ကာ သူ့ဘေးမှာဝင်ထိုင်လာသည်။
''ကိုကို? သူကဘယ်သူလဲဟွန်း..''
''ဆူးက ကိုကိုနဲ့စေ့စပ်ထားတဲ့သူလေ.. မကြာခင်လက်ထပ်တော့မှာ ကိုကို့ဇနီးလောင်း ဒီကမမက ကိုကိုရဲ့ ၂၈ယောက်မြောက်ရည်းစားဆိုတာလား.''
