Dec 1

853 41 4
                                        

Dec 1

အခုကဆောင်းရာသီလို့ပြောရမှာပေါ့ ဒီနေ့က 2022 December 1 ရက်နေ့လေ။တဖြေးဖြေးနဲ့ ရာသီဥတုကအေးစက်လာတယ် မောင် နဲ့ ကျွန်တော့် ဆက်ဆံရေးလိုပေါ့။မေ့နေတာပဲ လုံးဝအေးစက်သွားတာ...။

မောင်က Dec 1 ရက်နေ့ဆို မနက် 7:30AMမှာအမြဲပြောတဲ့ စကားတခွန်းရှိတယ် ကျွန်တော်ကလဲ အဲ့စကားပြောတိုင်းမေးခွန်းတစ်ခုမေးတယ်။

"မောင်ကဆောင်းရာသီကိုအရမ်းကြိုက်တာပဲ"တဲ့လေ။
ကျွန်တော်က "ဘာလို့ကြိုက်တာလဲ မောင်"
လို့ ပြန်မေးရင် မောင့်မှာအဖြေမရှိခဲ့ဘူး။
ဒီကိစ္စတွေကိုကျွန်တော်အမြဲ ပေါ့ပေါ့လေးပဲတွေးခဲ့တာ။မောင်ကြိုက်ချင်လို့ကြိုက်ခဲ့တာပေါ့။လူအကဲခတ်တာမကျွမ်းကျင်တဲ့ ကျွန်တော်က အဲ့စကားပြောတိုင်း ဖြစ်သွားတတ်တဲ့ မောင့်မျက်ဝန်းတွေကိုလဲ မသိခဲ့ပါဘူး။

ဒါပေမဲ့အခုတော့သိခဲ့ပြီထင်ပါရဲ့ ဒီတိုင်း မောင် ကပြောလို့သိခဲ့တာမျိုးလား ဒါမှမဟုတ် ကိုယ်တိုင်ကြုံတွေ့ခဲ့တာကြောင့် သိခဲ့တာမျိုးလား......။

အဲ့ဒီနေ့က 2021 Dec 1 ။
​အဲ့ဒီနေ့ဆို မောင်အမြဲပြောတဲ့ စကားကို ထူးထူးဆန်းဆန်းပဲ မောင်အမြဲပြောတဲ့ အချိန်မှာမပြောခဲ့ဘူး။
ပြောနေကျအချိန် 7:30 ကျော်သွားတာတောင်မပြောခဲ့ပဲ နေ့စဉ်လုပ်နေကျအတိုင်း မောင် ကိုယ်တိုင်ဖွင့်ထားတဲ့ Coffee shop လေးကိုသွားခဲ့တယ်။ကျွန်တော့အတွက်ကတော့ နည်းနည်းထူးခြားနေခဲ့တာပေါ့။ပြောနေကျကို မပြောခဲ့ဘူးလေ မောင်က။

နေ့လယ် 12:00 မှာ မောင်ကအမြဲ ထမင်းစားနေကျမလို့ မောင့် Shop လေးကိုကျွန်တော် ထွက်လာခဲ့တယ်။နေထိုင်တဲ့နေရာလေးက အရမ်းအေးပြီး မြို့ငယ်လေးမလို့ လမ်းလျှောက်ပြီးပဲထွက်ခဲ့တာပေါ့။

ဆောင်းရာသီဆိုတာအတော်လှပါတယ်။ကျွန်တော်လဲ အရမ်းသဘောကျတယ် ဆောင်းရာသီကို။ဒါပေမဲ့ ဘာလို့သဘောကျတာလဲမေးရင်တော့ ကျွန်တော်မှာအဖြေရှိတယ် အဲ့တာက
'မောင် အရမ်းကြိုက်တာမလို့'

မောင့် Shop နားရောက်ခါနီးမှာ ကောင်မလေးတစ်ယောက် Tulipပန်းတွေရောင်းနေတာတွေ့တယ်။မောင်က Tulip တွေဆိုအရမ်းချစ်တာ။
မောင်ပြောဖူးတယ် Tulip တွေရဲ့အဓိပ္ပါယ်က "perfect and deep love" တဲ့။
မောင့်ရုံးခန်းထဲမှာထားဖို့ Tulip လေးတွေ ဝယ်သွားရမယ်။

Dec 1Des histoires addictives. Découvrez maintenant