အပိုင်း(၁)

Začít od začátku
                                    

"ကျွန်မတို့ရဲ့ A1009 လေယာဉ်ကြီးဟာ တောင်ကိုရီးယား ဘူဆန်ကနေ မြန်မာပြည်ရဲ့ အရှေ့မြောက်ပိုင်း ဒေသဖြစ်တဲ့ လားရှိုးမြို့ကို
သက်ဆင်းတော့မည် ဖြစ်ရျ်  ခရီးသည်များ
ထိုင်ခုံ ခါးပါတ်များကို သေချာ ပါတ်ထားပေးဖို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။"

လေယာဉ်မယ်လေးရဲ့ အနိမ့်အမြင့် ညီတဲ့  အသံတစ်သံကို သူ့နားဖျား၌ ကြားလိုက်ရသည့် အချိန်မှာတော့ သူ ထိုင်ခုံခါးပါတ်ကို သေချာစစ်လိုက်ပြီး   ဆင်းသက်နေသည့် လေယာဉ်ကြီးကို သူ
ပြတင်းကနေ ရင်သတ်ရှုမောဖွယ် ကြည့်နေမိသည်။

"လိုက်ပါစီးနှင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ဟုတ်ကဲ့---"

အထွက်ပေါက်မှာ နှုတ်ခွန်းဆက်သနေတဲ့ လေယာဉ်မယ်လေးနဲ့ လေယာဉ်မောင်ကို  သူပြုံးပြပြီး   ပစ္စည်းတွေယူကာ   ကြိုဆိုရာဌာနသို့ သူဦးတည်လိုက်သည်။ သူ့ရဲ့ ခြေလှန်းတွေနဲ့  ကြိုဆိုရာဌာနကို  မသွားခင် သူ အရင်ဆုံး လက်တွေကိုနှစ်ဖက်စလုံး ဖြန့်တန်းလိုက်သည်။

"မင်္ဂလာပါ မြန်မာပြည်ကြီး။ မင်္ဂလာပါ မွေးရပ်မြေ မင်္ဂလာပါ လားရှိုးမြို့---။"

သူ့နှုတ်ကနေ  အမေ့အိမ်ပြန်လာရတဲ့ ကလေးတစ်ယောက်လို  လှိုက်လှဲ ပျော်ရွှင်ခြင်းတွေနဲ့ နှုတ်ဆက်လိုက်ပြီး  ပစ္စည်းတွေယူကာ  လာကြိုရာ ဌာနစီသို့ သူဦးတည်လိုက်တော့သည်။

ဘယ်နေရာ ကြည့်ကြည့် တောင်တန်းတွေနဲ့ ကာရံထားတဲ့  သူရဲ့ ဒီမွေးရပ်မြေကြီးက  သူ့အတွက် အတိတ်တွေ မလှခဲ့ရင်တောင် ပစ္စုပန် နဲ့ အနာဂါတ်မှာ  လှပအောင် သူကိုယ်တိုင် ဖန်တီးတော့မည်။ အတိတ် မလှခဲ့လည်း ဘာမှမဖြစ် ။ အတိတ်ကို ပြန်တမ်းတပြီး ငိုနေမယ့်ထဲမှာ သူမပါ။ ပစ္စုပန် နဲ့ အနာဂါတ်မှာ  ဘဝကြီးကို ပျော်ရွှင်အောင် နေပြီး သူအကောင်းဆုံး ကြိုးစားကျော်ဖြတ်မှာပင်။

"အင်း--- အခုဆို သူ့ကို လာကြိုမယ့်သူတွေလည်း ရောက်နေလောက်ရောပေါ့---။"

သူ  luggageအိတ်ကို တွန်းလှည်းပေါ်တင်ပြီး တွန်းလာလိုက်သည်။ ပြီးနောက် အဝင်အထွက်ပေါက်မှာ ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို  သူကြည့်ပြီး  သူ့ မျက်ဝန်းတွေကလည်း အလိုလို
လူရှာနေမိသည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Kde žijí příběhy. Začni objevovat