ကလေးတွေနဲ့တည့်အောင်ပေါင်းနိူင်တာကရှောင်းကျန့်ရဲ့ စူပါ ပါဝါလို့ပဲပြောရမယ်။
ကျောင်းကိုစရောက်ရောက်ချင်းတုန်းကတော့ထိန်းရခက်ပေမဲ့
အခုတော့ ဆရာရှောင်းက တိတ်မယ်ဆိုတာနဲ့အသံကိုမထွက်ကြတော့ဘူး။
ချစ်စရာကောင်းတဲ့ကလေးတွေကြားထဲ
ရှောင်းကျန့် အချစ်ပုိရတဲ့ကလေးလေးကတော့ အလည်လေး ဝမ်အားရန်လေးဖြစ်တယ်။ ရှောင်းကျန့်ကအလိုလိုက်တယ်ဆိုပီးအားရန်က နည်းနည်းတော့ဂျီကျချင်တယ်။
အခုလည်း ကျောင်းရဲ့ စုံညီပွဲတော်မှာ
အားရန်နဲ့ သူငယ်ချင်းတစ်စု က အက ထဲ ပါချင်ပါသတဲ့။ အက ကိုရှောင်းကျန့် သင်ပေးမယ်ဆိုတာကို လက်မခံဘူး။
"ဆရာရှောင်းက ကတာ ရိုးရိုးကြီးပဲကသွားတာ ။သားတို့က ခပ်မိုက်မိုက်လေးကချင်တာ ။တစ်ကျောင်းလုံးမှာ အမိုက်ဆုံးဖြစ်ချင်တာပါဆိုပီး " အတင်ငြင်းကြတယ်။ သူတို့ကသာ မသင်စေချင်တာပါနော် ။အရင် ချုံ‌ချင်းကျောင်းမှာတုန်းကဆို အကဆို ဆရာရှောင်းဆိုပြီးပဲ အားကိုးကြတာ ။ဟွန့်..။
ဝမ်အားရန် က သူ့အကိုက လော့ရန်မှာ အကသင်တန်းဖွင့်ထားတဲ့ အကဆရာမို့
သူ့အကိုနဲ့ပဲသင်ချင်ပါတယ်ဆိုပြီး အတင်းဂျီကျနေတာမို့ ရှောင်းကျန့်ကလက်ခံလိုက်ရတယ်။ ။

______

နေ့လည် တစ်နာရီလောက်မှာတော့အားရန်ရဲ့အစ်ကိုကရောက်လာတယ်။ကောင်လေးကကြည့်ရတာ တစ်ဆယ့်ရှစ် တစ်ဆယ့်ကိုး လောက်ပဲရှိဦးမယ်။ ‌ဂုတ်အထိရှည်နေတဲ့ဆံပင်တွေကို တစ်ဝက်သိမ်း စည်းထားတယ်။တစ်ကိုယ်လုံးအနက်ရောင်ကို အပေါ်က leather jacket အနက်ရောင်ထပ်ဝတ်ထားတယ် ။ အားရန်အကိုကလည်း အားရန်လို လူချောလေးပဲ။ဒါပေမဲ့ ရပ်ကွက်ထဲက မူလတန်းပြကျောင်းလေးမှာ လာပီး ရှိူးလုပ်နေတာ က နည်းနည်းတော့ အိုဗာဖြစ်နေတယ်မလား။။

ချာတိတ်လေးက ရှောင်းကျန့်ကိုပြုံးပြီးစိုက်ကြည့်နေတယ်။မသိရင် နှစ်ရှည်လများကွဲကွာလာပြီးအခုမှပြန်တွေ့ရတဲ့သူတွေလိုမျိုး။

"နိဟောင် ...အစ်ကိုက အားရန်ရဲ့ အတန်းပိုင်ဆရာ ရှောင်းရှောင်းကျန့်ပါ "

ကမ်းပေးလာတဲ့ ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကို အားရန်အစ်ကိုဆိုသူက ပြန်ဆွဲကိုင်ရင်းနှုတ်ဆက်တယ်။ ။

Love Wind Blows In LuoyangWhere stories live. Discover now