🖤 ငါဆေးမသောက်ချင်ဘူး 🖤

Начните с самого начала
                                    

သူမကအရှက်အကြောက်မရှိဘူး။ C မြို့မှာဆိုသူမကို နာမည်ပြောင်အနေနဲ့ ညမိစ္ဆာမြေခွေးရိုင်းလေးလို့ ခေါ်ကြတယ်။

ကျန့်ယွင်က ထိုလက်ချောင်းတွေကို ပုတ်ထုတ်လိုက်ပြီး ဖုန်းကုကု ကိုကြည့်လိုက်သည်။ သူ့အကြည့်တွေက တော်တော်ကိုရွံရှာနေတဲ့ပုံပဲ့။

" ဖုန်းမိန်းကလေး ထပ်ပြီးcompany ကိုလာမယ်ဆို ကျွန်တော်ဖုန်းဥက္ကဌ ကိုဆက်သွယ်ရလိမ့်မယ်....ဒါဆို... "

ကျန့်ယွင်ကပြောပြီးတာနဲ့ ထိုနေရာကနေ ခပ်သွက်သွက်ထွက်လာခဲ့သည်။ ကျန်ခဲ့တဲ့ ဖုန်းကုကုက အပြုံးမပျက်တဲ့ အပြင်ပိုပြီးညို့အားပြင်းတဲ့ အကြည့်တွေကိုထုတ်လွှတ်နေသေးသည်။

" ခ်ခ်...ကျန်းကျန့်ယွင် နင်ကအရမ်းဆွဲဆောင်မှုရှိတာပဲ့..."

ကျန့်ယွင် အခန်းထဲရောက်တာနဲ့ အချိန်စရင်းကို ကြည့်လိုက်သည်။ နံနက်မှာ အစည်းအဝေးအသေးစားတစ်ခုရှိပြီး နေ့လည်မှာသူစိတ်အပျက်ဆုံး အချိန်ကရှိနေခဲ့တယ်။ ထပ်ပြီးဆေးရုံကိုသွားရအုံးမည်။ ထပ်ပြီးနာကျင်ရအုံးမည်။

နေ့လည် (၁၂ နာရီ ၊ ၄၅ မိနစ်)

" ကျန်းသခင်လေး ဆေးရုံသွားချိန်ရောက်ပါပြီ ကျန်းသခင်မက မှာလိုက်ပါတယ်။ သခင်လေးဆေးတွေပုံမှန်သောက်ဖို့ပါ "

ဘော်ဒီဂတ်က ရိုကျိုးသလိုပြောနေပေမဲ့ တကယ်တော့ကျန်းသခင်မ (မိထွေး)အားကိုးနဲ့ ထောင်လွှားနေတဲ့သူတွေသာဖြစ်တယ်။ တကယ်တန်းသူ့မှာ အားကိုးစရာရှိမနေဘူး။

" မင်းအပူမပါဘူး....သွားမယ် "

ဆေးရုံကလည်း ကျန်းမိသားစုရဲ့ ဆေးရုံကြီးဖြစ်သည်။ ဘောဒီဂတ်တွေက အပေါ်ကိုတက်လိုက်ခွင့်မရှိဘူး။ ကျန်းမိဘတွေက ကျန့်ယွင်ရဲ့လျှိ့ဝှက်ချက်ကို တခြားသူကိုမသိစေချင်ဘူး။ အကယ်၍သိခဲ့ပြီး ပေါက်ကြားသွားခဲ့မယ်ဆိုရင် ဒီကျန်းအိမ်တော်ကြီးရဲ့ အမွေတွေကိုကျန်းအဖိုးကြီးက ပေးတော့မှာမဟုတ်ဘူး။

ဒေါက်....ဒေါက်..

" ဒေါက်တာချင်.... ကျွန်တော်ပါ "

ကျန့်ယွင်က ( အာရုံကျောနဲ့စိတ်ပညာအထူးကု ဒေါက်တာ ချင်လျှိထုံ) လို့နာမည်ကပ်ထားတဲ့ အခန်းကိုတံခါးခေါက်လိုက်သည်။

I never said " Alpha "Место, где живут истории. Откройте их для себя