🖤 ငါဆေးမသောက်ချင်ဘူး 🖤

Start from the beginning
                                    

ကျန့်ယွင်လေးက ဆေးထိုးအပ်ကြီးတွေနဲ့ ဆေးတွေအများကြီးကို မြင်တော့အကြောက်အကန် ငြင်းဆန်တော့သည်။

" သား ဆေးမထိုးဘူး။ သား နေကောင်းတယ်။ ဆေး....ဆေးလည်းမသောက်ဘူး "

" ေခွးကောင်လေး...ဒီဆေးထိုးရမယ်။ ငါ့ကိုမကျေမနပ်ဖြစ်မဲ့အစား Omega အဖြစ်မွေးလာတဲ့ နင့်ကိုယ်နင်မကျေမနပ်ဖြစ်သင့်တယ်။ "

" အား...အီးဟီ. "

တင်း..တင်း...တင်း...တင်း...( နာရီဘဲလ်သံ )

[ 6:00 ]

မနက်စောစော ချွေးစီးတွေနဲ့နိုးထလာရသည်။ သူဒီအချုပ်အနှောင်ကြားထဲကနေ အမြန်ဆုံးလွပ်မြောက်ချင်မိပြီ။ အတိတ်ကခံရသမျှကို ပြန်လက်စားချေချင်တယ်။ ဒါမဲ့ ဘယ်လိုလုပ်ရမလဲ တစ်ဖက်ကသူ့ကိုကျွေးခဲ့တဲ့ အဖေအရင်း ဖြစ်နေသည်။

မနက်စောစော သန့်ရှင်းရေးလုပ်ပြီးတာနဲ့ သူ့ရဲ့ဘော်ဒီဂတ်လေးယောက်နဲ့အတူ အလုပ်ကိုထွက်ခဲ့တယ်။

ဟက် ဘော်ဒီဂတ်လား ဒါမှမဟုတ် အဖေနဲ့မိထွေးရဲ့ သူလျှိတွေလားမသဲကွဲပါဘူး။

" hello...​ရှောင်ကျန့် မောင်လေး ခ်ခ်..."

ကုမ္ပဏီရှေ့တည့်တည့်မှာ ပြောင်လက်နေတဲ့နောက်ဆုံးပေါ် ပြိုင်ကားအနီရောင်နဲ့ လှပပြီးရက်စက်တဲ့ အပြုံးတွေရှိတဲ့ မိန်းကလေးတစ်ယောက်။ ကျန်းကျန့်ယွင် ထိုမိန်းကလေးကို မြင်တာနဲ့ စိတ်ပျက်လာတယ်။ သူမကသေချာပေါက် Alpha အမျိုးသမီးတစ်ယောက်ပဲ့။ သူမ မိသားစုက C မြို့ရဲ့ ထိတ်တန်းအင်အားကြီးမိသားစု ၁၀ စုထဲကတစ်ယောက်ဖြစ်တယ်။ သူမက ကျန့်ယွင် ကိုကြိုက်ကြောင်း ပေါ်တင်ကြီးဖွင့်ပြထားသူဖြစ်သည်။

" ဖုန်းမိန်းကလေး...ခင်ဗျား ကျွန်တော့လမ်းက ဖယ်ပေးပါလား "

ဖုန်းကုကု က တခ်ခ် ထပ်ရယ်ပြီး ကျန့်ယွင် ရဲ့ပုခုံးကိုသူ့လက်ညိုးလေးနဲ့ ပွတ်ဆွဲလိုက်သည်။ သူ့(ကျန်းကျန့်ယွင်) နေရာမှာသူ တစ်ခြားလူတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုဖုန်းကုကု ရဲ့မာယာကိုလွန်ဆန်နိုင်လိမ့်မည်မထင်။

" မောင်လေးရှောင်ယွင်.... ဟီး....မမက မောင်လေးကိုသိပ်ကို ချစ်တာ။ မမနဲ့လက်ထပ်ပါလား... ခ်ခ်ခ် "

I never said " Alpha "Where stories live. Discover now