"ကဲ ဟိုရောက်မှရန်ဖြစ်ကြ ၊ သွားကြတော့!! မင်းတို့လင်မယားတွေ"
"-ိ့ကိုလင်မယား"×2
ပြောရင်မကြိုက်မှန်းသိလို့လှိုင်းတမင်ပြောလိုက်တာ ချက်ချင်းပဲတိုင်ပင်စရာမလိုပဲ လှိုင်းကိုတစ်လေသံတည်းထွက်သည့်အထိဆဲတယ်လေ။
"ရည်းစားမရှိတာထက်စာရင် ငါလိုဖြူဖြူချောချောလေးရည်းစားတော်တယ်အပြောခံရတာပဲ ကံကောင်းတယ်မှတ်"
"ချီးကိုကံကောင်းရမှာလား စောက်ပိုတွေ"
ဟိုနှစ်ကောင်းကားပြိုင်ပြောနေတာကြည့်ပြီးလှိုင်းနားတွေတောင်ပူလာသလိုခံစားရသည်။ဟိန်းထက်တို့ကိုအောက်ထိလိုက်ပို့ပြီး လှိုင်းအပေါ်ထပ်သို့ပြန်တက်ကာ တစ်နေရာသွားရန် ပြင်ဆင်နေလိုက်သည်။ထိုအချိန်..
ဒေါက်!! ဒေါက်!!!
"သား သားဖွားဖွားကိုဆေးခန်းလိုက်ပြဖို့လိုက်ခဲ့ပေးဦး"
"ဟုတ်ကဲ့ အန်တီ"
သွားမယ့်နေရာညနေကျမှသာသွားဖို့ဆုံးဖြတ်လိုက်သည်။ခုတော့ဖွားဖွားဆေးခန်းလိုက်ပြပေးလိုက်ဦးမယ်။
~~~~~~~
ဆေးခန်းထဲဝင်ဝင်ချင်း အဖွားအသိဖြစ်ဟန် ဆရာဝန်ကနှုတ်ဆက်လာသည်။
"အဖွား"
"ဪ မောင်ရာဇာ ပြန်ရောက်လာပြီလား ၊ မောင်ရာဇာ မောင်ရာဇာမိဘတွေဆီပြန်သွားမှန်းမသိလိုက်ဘူး "
"ဟုတ်ကဲ့ အဖွား ၊ကျွန်တော်လည်းမရည်ရွယ်ပဲသွားဖြစ်သွားတာ ၊ ဟိုရက်ကမှကျွန်တော်ပြန်ရောက်တာလေ ၊ ဖွားတို့အိမ်ဘက်မရောက်ဖြစ်သေးတာ"
"အေးပါကွယ်"
"ပျိုးရှိလည်းမရောက်ဖြစ်သေးဘူး ၊ သူကောနေကောင်းတယ်မလား "
"ကောင်းပါ့ ကောင်းပါ့ ၊ ဟိုတခါနေမကောင်းတုန်းကမောင်ရာဇာကိုခေါ်တာ မောင်ရာဇာမရှိတာနဲ့မောင်ရာဇာသူငယ်ချင်းဆေးလာထိုးပေးသွားတယ်"
"ဟုတ်ကဲ့ ဖွား သူကောသက်သာသွားပလား"
"ခုတော့ သက်သာသွားပါပြီ"
"ကျွန်တော်တစ်ချက်စစ်ကြည့်မယ်နော်"
ပျိူးအကြောင်းပါလာတာကြောာင့်လှိုင်းအလိုလိုနေရင်းမျက်မှောင်ကျုံမိသွားသည်။ဘာလဲ!! ဒီလူက ပျိုးနဲ့ပါရင်းနှီးနေတာလား?.။နေမကောင်းတာကဖြင့်ကြာလာနေပြီ ခုကောသက်သာလားတဲ့ အဟက်! အရူး။ ကုစရာရှိမကုဘူးလေကြောရှည်နေသေးတယ်။
"ဖွားဖွား ဒီဆေးလေးတွေကောင်တာမှာထုတ်ပေးနော်"
"ဪ မောင်ရာဇာကို ဖွားမြေးနဲ့မိတ်ဆက်ပေးရဦးမယ်"
"ဟုတ်"
"မြေး ဒါကဖွားတို့နယ်ဘက်မှာတာဝန်ကျတဲ့ဆရာဝန် မောင်ရာဇာအောင်တဲ့ ၊ ဒါကဖွားမြေး အဏ္ဏဝါလှိုင်းတဲ့"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"
"အင်း!"
လှိုင်းရှေ့ကိုလက်ပေးကာလက်ဆွဲနှုတ်ဆက်ဖို့လုပ်နေတဲ့လူကိုမသိချင်ယောင်ဆောင်ကာ'အင်း'တစ်လုံးတည်းသာပြောပြီးအပြင်ထွက်လာလိုက်သည်။ကိုယ့်စိတ်ထဲမကြိုက်ရင်ဟန်ဆောင်ပြီးလည်း မနှုတ်ဆက်ချင်။ဖွားဖွားကတော့ အားနာဟန်ဖြင့်စကားပြောကျန်ခဲ့သည်။
ဟိုလူကလည်း လူတိုင်းနဲ့ကိုသိနေတာပဲ!!!ဘယ်လောက်တွေထိတောင်ရင်းနှီးထားလဲမသိဘူး တွေ့မှမေးရဦးမယ်။ ခင်ဗျားလည်း ကြပ်ကြပ်သတိထား ဥယျာဉ်ပျိူး!!.။
✓✓✓✓✓
ပျို//
1535 words
-မနက်ဖြန်ကျညကျမှစိတ်ဆိုးနေတဲ့လူကိုချော့ကြတာပေါ့ 😆
Plz vote ♥️
YOU ARE READING
မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ်
Romanceအဏ္ဏဝါလှိုင်း_ဥယျာဉ်ပျိူး ⌠ ᴜɴɪᴄᴏᴅᴇ - ᴢᴀᴡɢʏɪ ⌡ sᴛᴀʀᴛ ᴅᴀᴛᴇ >>> ⌠ 24 .11.2021 ⌡
part 7// 💢️[unicode]
Start from the beginning
