part 7// 💢️[unicode]

Start from the beginning
                                        

~~~~~~

လှိုင်းအခန်းထဲကထွက်တော့ ဟိုနှစ်ကောင်သူတို့အခန်းထဲက luggageတစ်ယောက်တစ်လုံးနဲ့ထွက်လာတာကြောင့်...

"ဘယ်လဲ?"

"ပြန်တော့မလို့လေ"

"ပြောတော့လည်ဦးမယ်ဆို"

လည်ပတ်သွားချင်သေးတယ်ပြောပြီး ချက်ချင်းပြန်ဖို့လုပ်နေတဲ့လူတွေကြောင့်မေးလိုက်ချင်း။ဟိန်းထက်ရှိမှ...

"လည်ချင်တာပေါ့ နောက်ရက်မှလာခဲ့တော့မယ် ၊ ငါ့အဖေကလှမ်းခေါ်နေလို့"

ဝေယံကတော့မပြန်ချင်သေးဟန်ငြီးငြူနေသည်။

"ဒီကောင်အဖေကဘာကြီးမှန်းမသိပါဘူးကွာ ၊ ဒီကောင်ကလည်းဘာကြီးမှန်းမသိပါဘူးကွာ"

"ဘာကိုဘာကြီးမှန်းမသိတာလဲ မင်းက!"

"မင်းအဖေလေ ရောက်တာဖင်တောင်မပူသေးဘူး ဖုန်းတွေဆက်တိုက်ဆက်ခေါ်နေတာ!"

"ငါလည်းစိတ်ညစ်တာပဲ ၊ အပီအပြင်လည်မယ်ဆိုပြီးအဝတ်တွေတောင်အများကြီးထည့်လာတာ"

ဟိန်းထက်ပြောရင်းသူluggageကိုပုတ်ပြသည်။

"‌မင်းမပြန်သေးဘူးမလား?"

"မပြန်သေးဘူး ၊ လုပ်စရာကိစ္စရှိသေးလို့"

"ဘာကိစ္စလဲ"

"မင်းတို့ပြန်မှာမလား ပြန်တော့လေ ၊ သွား သွား"

"ပြန်မှာပါ! ၊ ‌မင်းမပြန်သေးရင် ငါတို့ထက်လာခဲ့ဦးမယ်"

"ထက်လာချင် ‌မင်းအဖေဟာကိုဖြတ်ခဲ့"

"ငါ့အဖေဟာကိုဘာဖြတ်ရမှာလဲ!?"

"အလုပ် အလုပ်!!"

"မ'ဒီ လာမယ်တဲ့နော် မေ့နေမှာဆိုးလို့"

ပြန်ခါနီး မ'ဒီလာမယ့်ကိစ္စကိုဟိန်းထက်မှသတိပေးသည်။

"ညကမင်းပြောတယ်လေ သိတယ် ၊ သူကဘာလာလုပ်မှာလဲ"

"ဟိုမှာသူ့အတွက်အလန်းလေးတွေကုန်လို့ ဒီလာတာနေမှာပေါ့"

"ငါတို့တောင် သူ့လောက်မတွဲနိုင်ဘူး"

"ဘယ်တွဲနိုင်မလဲ အဖြစ်မှမရှိတာ"

"မင်းကကော ရှိတာကျလို့"

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now