part 7// 💢️[unicode]

Start from the beginning
                                        

"ဘာလဲ သီချင်းလား"

"ဟာ.. နင်ဘာလို့အိမ်မပြန်ပဲဒီမှာနေနေတာလဲကိုပြောတာ"

"ဘာမဖြစ်ဘူးလေ မပြန်ချင်လို့"

"နင် အန်တီကိုစိတ်ဆိုးထားတာလား"

"မဆိုးပါဘူး"

"အေးလေ ဆိုးလည်းတစ်ရက်လောက်ပဲဟာကို"

"သူသိသွားပြီ"

"ဘယ်သူကဘာကိုသိတာလဲ"

ဪ!! ငါ့လည်း ခံစားချက်အပြည့်နဲ့ဖီးလ်ပြီးပြောပြမယ်ကြံကာမှ ပြန်မေးတဲ့မေးခွန်းကြောင့် ဖိးလ်နေတာကိုနောက်ထားပြီး အကြောင်းစုံရှင်းပြဖို့ပြင်ရဦးမည်။

"ဪ အဲ့ဒါဆို ဟို..cover leafဆွဲကြိုးလေးပိုင်ရှင်ပေါ့? ၊သူကလည်းမေ့သေးသူကလည်းတပြန်ကြီးစိတ်ဆိုးနေသေးတယ် ငါ့ချင်းဂူလေးကို"

"သူငယ်ငယ်တုန်းကအပျင်းဖျားပြီး တစ်ချို့မှတ်ဉာဏ်တွေပျောက်သွားတယ်တဲ့ သူ့ဖွားဖွားကပြောတယ်"

"သူဟာသူပျောက်ချင်ပျောက်မပျောက်ချင်နေလေ ၊ နင်မှတ်မိတာကိုသူ့မပြောပြယုံနဲ့အော်စရာလား!"

"ငါမှားတာလဲ ပါပါတယ် ၊ သူမေ့နေတာကိုငါပြောပြသင့်တာပေါ့"

"နင်ကကော သူ့ကိုဘာလို့ပြောမပြတာလဲ"

"ငါလည်း သူ့ဟာသူငါ့ကိုမှတ်မိတာလိုချင်တာပေါ့"

"ခုလည်းပြောပြစရာမလိုပဲသိသွားပြီမဟုတ်ဘူးလား"

"သိသွားပေမဲ့ ‌ခေါ်မှမခေါ်ကြတော့တာ"

"ဪ နင်တို့ကလည်းဟယ် ၊ ကောက်စရာမရှိကျန်ဖန်ကောက်နေကြတယ်"

"နင်ကလည်း သူကငါ့ကိုအော်တော့ငါလည်းစိတ်တိုလို့ပြန်အော်မိတာပေါ့"

"အေးပါ ငါသိတယ်"

"အေးလေ ခုတော့မခေါ်တော့ဘူး"

"သူလာချော့ချင်ချော့မှာပေါ့ဟယ် ၊စိတ်ထဲထားမနေနဲ့"

"မထားလို့ရမလား ၊ ငါ့စိတ်ဆိုးသွားတာကို"

"အဲ့ဒါဆိုနင်သွားချော့လိုက်လေ"

"ချော့စရာလား!"

"ဇဘ!! ငါပြန်ပြီ"

တကယ်ပါပဲ သူ့ဘက်ကလိုက်ပြီးဟိုဘက်ကိုအပစ်ပြောပေးတော့လည်းဟိုဘက်ကိုဖာပေးနေသေးတယ်။သူ့ဘက်ကိုနှစ်သိပ်ပေးတော့လည်း ပြောကိုမပြောချင်ဘူး ခွေးစိတ်နဲ့ ။မသိရင်ရည်းစားတွေစိတ်ဆိုးနေတာကြနေတာပဲ စောက်မြင်ကိုကပ်တယ်။ပြန်တာပဲအေးတယ်။

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now