Part 1(29.11.2021)

3.4K 96 22
                                        



Unicode

"ကျွန်တော့် ကောင်မလေး လင်ယူသွားပြီဗျ ရက်စက်လိုက်တာမြတ်ရယ်!"

နှာတရှုံ့ရှုံ့ဖြင့် ဘီယာဘူးကို မော့ချရင်း မျက်ရည်လေး တစမ်းစမ်းဖြင့် ပြောနေသော ညီဖြစ်သူကို ကြည့်ပြီး တည်မြဲစေမှာ ရီရအခက် ငိုရအခက်ဖြင့်

ပြောနေရင်းတန်းလန်း ခေါင်းစိုက်ကာ စားပွဲခုံပေါ် မှောက်ကျ သွားသောကြောင့် တော်ပါသေးရဲ့လို့ တွေးလို့ပင် မဆုံးလိုက်

"အောင်မလေး ရက်စက်လိုက်တာ မြတ်ရယ်။မောင့်ကိုပဲ ချစ်တာပါဆို။မောင်နဲ့ ခွဲရရင်သေမှာပါဆို...ကိုကိုကြီး မြတ်ကိုသွားခေါ်ပေး...ကျွန်တော် မြတ်ကိုပဲယူမှာ မြတ်ကိုမရရင် ကိုယ့်ဘာသာ သတ်သေမှာနော်..."

ပြောရင်းဆိုရင်း ဝုန်းခနဲ ထပြေးကာ ဝရန်တာ လက်ရမ်းပေါ် ပြေးတက်နေသော ခွန်းစေပိုင်ကြောင့် တည်မြဲစေ ကမန်းကတမ်း ပြေးဆွဲရတော့သည်။

"ဟေ့ကောင် စောက်ရူးထမနေနဲ့။သွားတွေ့ပါ ဆိုတုန်းက သွားမတွေ့ပဲနဲ့...အစကတည်းက သူ့ကို သေချာသွား ရှင်းပြလိုက်ရင် ပြီးနေတာကို..."

တည်မြဲစေ စိတ်ပျက်လက်ပျက်ဖြင့် လျော့တိလျော့ရဲ ဖြစ်နေသော ပုဆိုးကို ခပ်တိုတို ပြင်ဝတ်ကာ အော်ငေါက်လိုက်မှ ခွန်းစေပိုင်က မျက်နှာငယ်လေးဖြင့်

"သူက ကျွန်တော့်ကို အထင်လွဲပြီး လုံးဝ အဆက်အသွယ် ဖြတ်သွားတာလို့...ကျွန်တော်သူ့ကို အတည်ချစ်တာပါဆို...အသက်ရယ် ကို့ကို ထားခဲ့ပြီလား"

အသက်ချင်းထပ်နေအောင် အော်ကာ မူးရူးနေသော ခွန်းစေပိုင်ကို ထိန်းနေရသည်မှာ 3ရက်နဲ့ 3ည ရှိနေပြီဖြစ်၍ တည်မြဲစေပင် စိတ်ညစ်လာရသည်။

မာမီနဲ့ ဒယ်ဒီ ဆုံးသွားပြီးကတည်းက တည်မြဲစေမှာ တွယ်တာစရာဟူ၍ ညီဖြစ်သူသာ ကျန်သောကြောင့် အမြဲ ဖူးဖူးမှုတ် အလိုလိုက်ထားရ၏။

ပြသနာအစက ညီဖြစ်သူ တွဲနေသော မြတ်နိုးရိပ်ဆိုသည့် ကောင်မလေးမှာ အိမ်ကလူကြီးတွေက အိမ်ထောင်ချပေးမည်ဟု ဆိုလာ၍ ခွန်းစေပိုင် အား လာခိုးရန် ချိန်းလာသည်။

My Ex stole me on my Weddingحيث تعيش القصص. اكتشف الآن