We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

part 1

970 66 68
                                        

Unicode

( ကဲ အစ်ကို့သတင်းလေးတွေက အားတက်စရာလေးတွေမို့ ဒါလေးကို အစလေး တင်ထားလိုက်ဦးမယ် 🥰🥰🥰 )

💙♥️💙♥️💙♥️

" ပျက်စမ်း ပျက်စမ်း "

" မွေးကတည်းက ပါလာတာကို ဘယ်လိုလုပ် ရမှာလဲ "

ကျန်းကျယ်ဟန့်သည် သန့်စင်ခန်းထဲရှိ လက်ဆေးစင်တွင် ထပ်ကာထပ်ကာဆေးကြောနေလေသည်။
သူ့ဘေးတွင် နံရံကိုမှီ၍ရပ်ကာ အီလည်လည်ဖြင့်ကြည့်နေသော ကုန်းကျွင့်ရှိနေခဲ့၏။ သူသည်လည်း စိတ်အညစ်ကြီးညစ်နေသည်သာ။

ကျန်းကျယ်ဟန့်၏ လက်ဆေးနေရခြင်းအကြောင်းကား သူ့လက်ကောက်ဝတ်ရှိ အနီရောင်လက်ပတ်သဖွယ် မွေးရာပါအမှတ်ကြောင့်ဖြစ်လေသည်။ ယခုအခါ သူနှင့်ကုန်းကျွင့်တို့သည် ထိုအမှတ်ပါလာခြင်းကြောင့် ဖူးစာဖက်များဟု သတ်မှတ်ကာ မိဘများ၏ စေ့စပ်ပေးခြင်းကို ခံရတော့မည်ဖြစ်သည်။

နှစ်ယောက်လုံးသည် တစ်နေ့ထဲ တစ်ချိန်ထဲ တစ်ဆေးရုံထဲတွင် မွေးဖွားခဲ့ကြပြီး မိဘများကလည်း အိမ်နီးချင်းများဖြစ်ကာ ဆွေမျိုးရင်းချာများသဖွယ် အလွန်ရင်းနှီးကြ၏။

ငယ်စဉ်ကပင် အလွန်ရင်းနှီးခဲ့ကြသော သူတို့နှစ်ယောက်သည် အမြွှာများကဲ့သို့ပင် တစ်ယောက်အကြောင်းကို တစ်ယောက်ရင်းရင်းနှီးနှီးသိနေကြသည်။

လုပ်ငန်းခွင်ဝင်ရမည့်အရွယ်သို့ရောက်သော် ကုန်းကျွင့်သည် သူဝါသနာပါရာ သီချင်းရေးဆရာအလုပ်ကိုရွေးချယ်၍ အောင်မြင်အောင်ကြိုးစားနေသည်။
ထို့ပြင် အဆိုတော်အဖြစ်ပါ အောင်မြင်စပြုနေပြီဖြစ်သည်။

နာမည်ရလာသည်နှင့်အမျှ ကုန်းကျွင့်၏အနားတွင် မိန်းမချောလေးများ ဝိုင်းဝိုင်းလည်နေလေသည်။
အနုပညာသမားမို့ ချစ်သူရည်းစားထားသော်လည်း အဆိုတော်ဖြစ်လာပြီးနောက် အလုပ်များလာသည်နှင့်အမျှ အချိန်မပေးနိုင်တော့သည်ဖြစ်ရာ တစ်ယောက်ထဲဖြစ်နေသည်မှာ အနည်းငယ် ကြာပြီဖြစ်သည်။

ထို့အတူ ကျန်းကျယ်ဟန့်သည်လည်း လက်မှုပညာကို ဝါသနာပါကာ ထူးချွန်သူဖြစ်သည့်အလျှောက် ကိုယ်ပိုင် handmade သိုးမွေးထည်လုပ်ငန်းဖြင့်အောင်မြင်နေပြီဖြစ်သည်။
ဘေကျင်းတွင် ကျန်းကျယ်ဟန့်၏ အလုပ်ခန်းရှိကာ သူ၏ လက်ရာ handmade သိုးမွေးထည်များကို ဝယ်ယူ ဝတ်ဆင်လိုသူများကလည်း ကြိတ်ကြိတ်တိုးပင်ဖြစ်၏။

Red Love Knots ( Uni & Zgyi )Stories to obsess over. Discover now