part 3// 💘[unicode]

Start from the beginning
                                        

ညနေကတည်းကလူးထားတဲ့သနပ်ခါးတွေကထိုလူသားရဲ့မျက်နှာဝိုင်းဝိုင်းလေးပေါ်မှာခုထိနေရာယူတုန်း ထိုလူသားလိမ်းထားတဲ့သနပ်ခါးများကမနာလိုဖွယ်ရာအတိ။‌သူ့ကိုတစ်ယောက်ယောက်ကြည့်နေမှန်းသိလို့ထင်ပါ့ လှိုင်းအခန်းပြတင်းပေါက်ကိုမော့ကြည့်သည် ထိုအချိန်လှိုင်းနဲ့ထိုလူသားရဲ့မျက်လုံးကြည်ကြည်တောက်တောက်ကလေးနဲ့အကြည့်ချင်းဆုံမိသွားသည်။

လှိုင်းမသိချင်ယောင်ဆောင်ကာကောင်းကင်ပေါ်ကိုတစ်ချက်မော့ကြည့်မိတော့ထိန်လင်းနေတဲ့လမင်းကြီးနဲ့‌တောက်ပ‌နေတဲ့ကြယ်လေးတွေကိုတွေ့ရသည် အင်းးခင်ဗျားမျက်နှာလေးကခုအချိန်လမင်းကြီးနဲ့အပြိုင်အေးချမ်းနေတယ် ၊ ခင်ဗျားမျက်လုံးလေးတွေကကြယ်လေးတွေနဲ့အပြိုင်တောက်ပနေတယ်။

ထို့အပြင်ဆံပင်လေးကို ရှေ့နားထိပ်ကလေးမှာစုစည်းထားတာလေးက နံနက်သီးလေးအတိုင်း။မီးရောင်အောက်မှာမို့ ထိုလူသားရဲ့အလှက ညချမ်းရဲ့လေပြေအေးလေးတွေနဲ့အတူ ထိုလူသားရဲ့ပုံစံလေးအေးချမ်းလို့နေပါသည်။

ခဏကြာတော့ပြတင်းပေါက်တံခါးပိတ်သွားတဲ့အသံကြားတာမို့ထိုလူသားအိပ်တော့မယ်ထင်သည်။လှိုင်းလည်း အိပ်စက်ဖို့ပြင်လိုက်တော့သည်။

~~~~~~~~~~

တစ်ယောက်ယောက်ကိုယ့်ကိုကြည့်နေသလိုခံစားရတာမို့ ရှာကြည့်လိုက်တော့ အပေါ်ထပ်ပြတင်းပေါက်ကနေကိုယ့်ကိုကြည့်နေတဲ့ ဟိုဘက်အိမ်ကဧည်သည်ကောင်လေး။အကြည့်ချင်ဆုံသွားခိုက် ညှိ့ယူလွန်းတဲ့မျက်ဝန်းတစ်စုံကြောင့်ခန္ဓာကိုတစ်နေရာက ဒုတ်!ခနဲပဲ ဘာလဲငါနှလုံးခုန်တာမဟုတ်ဘူးမလား??။မဖြစ်ဘူး မဖြစ်ဘူး စောစောအိပ်မှဖြစ်မယ် ကြည့်လက်စphoto albumကိုပိတ်ကာအိပ်ရန်ပြင်ရသည်။ရင်ခုန်‌‌ပြီးဘာလုပ်လို့်ဘာကိုင်ရမှန်းမသိသလိုဖြစ်သွားတာကြောင့်ပြတင်းပေါက်တံခါးပိတ်ဖို့တောင်မေ့သွားတယ် ငါ့နှယ့်။ခုန်နေသောနှလုံးသားလေးကိုဖိကာအိပ်ပျော်ရန်ကြိုးစားလိုက်သည်။

ထိုနေ့ညကောင်လေးနှစ်ယောက်ရဲ့အိမ်မက်တွေကထပ်တူကြနေနိုင်ပါ‌သေးသည်။ထို့အပြင် တစ်ဦးတစ်ယောက်ကလည်း ညတိုင်းမက်နေကျအိမ်မက်ကလေးမမက်တော့ပဲ ထူးထူးခြားခြားလူတစ်ဦးရဲ့မျက်ဝန်းကြည်ကြည်တောက်တောက်ကလေးတွေကို မျက်ခွံမို့မို့လေးပေါ်မှ ဖိကာနမ်းနေလိမ့်မည်။

✓✓✓✓✓✓✓

Pyo' Note - 'လှိုင်း'က'ပျိူး'ရဲ့ပါး‌ပေါ်ကစံပယ်တင်မှဲ့လေးကိုမမြင်သေးပါဘူးနော်။ ⚪ပထမစတွေ့တော့ maskပါတဲ့ဦထုပ်အဝိုင်းကြီးဆောင်းထားပြီးမျက်လုံးလေးပဲဖော်ထားတာမို့ပါ ၊ ⚪ဒုတိယတစ်ခါကကျ သနပ်ခါးတွေထူဖွေးနေအောင်လိမ်းထားတာမို့ ပျိူးရဲ့စံပယ်တင်မှဲ့လေးက သနပ်ခါးတွေအောက်မှာပျောက်ကွယ်နေတာပါနော်။

✓✓✓✓✓

ပျိူ//
2008 words

- ပျိုးကိုသာသနပ်ခါးထူဖွေးနေအောင်လိမ်းပေးတာပါနော် ပျိူကတော့အမြဲမျက်နှာပြောင်နဲ့ 😆

Plz vote ♥️
ဖက်ရတာအဆင်ပြေကြရဲ့လားဟင် တစ်ခုခုလေးပြောပါဦး ပျို့အားဆေးလေးတို့ရေ။♥️

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now