ဖြစ်နိုင်ခြေရှိတယ် ဖွားဖွားခုနကပြောတာကတော့*ဥဥလေးတို့ကသားအမိနှစ်ယောက်တည်းနေတာ*တဲ့။ဘာလို့ဆို ထိုလူသားမနက်ကဆောင်းတဲ့ဦးထုပ်ကပြတင်းပေါက်နားကစားပွဲပေါ်မှာမို့လို့လေ သူ့အမေကတော့အဲ့ဦးထုပ်မဆောင်းလောက်ပါဘူး။ထို့အပြင် ထိုလူသားကသူထက်နှစ်'နှစ်ကြီးကြောင်းနဲ့ ထို့လူနာမည်အရင်းက"ဥယျာဉ်ပျိူး"ဆိုတာကိုပါဖွားဖွားကခုနကပြောပြလိုက်သည်။
ထိုလူသားကြောင့် လှိုင်းနှလုံးသားကသခင့်ဆန္ဒမမေးပဲလှုပ်ခတ်သွားတာနှစ်ကြိမ်တိတိရှိပါပြီ။ ပထမတစ်ခါက ထိုလူသားရဲ့မျက်ဝန်းကြည်ကြည်တောက်တောက်ကလေးတွေ ၊ ဒုတိယတစ်ခုက ထိုလူသားရဲ့အမည်နာမလေး "ဥယျာဉ်ပျိုး"ဆိုတဲ့ အမည်နာမလေးကြားယုံနဲ့သူလူသားရဲ့နှလုံးသားကိုဒုတိယအကြိမ်မြှောက်လှုပ်ခတ်စေပါသည်။
"ဥယျာဉ်ပျိုး"ဆိုတဲ့အမည်နာမလေးအတိုင်း ခင်ဗျား ကျွန်တော့်နှလုံးသားထဲမှာ အချစ်တွေပျိူးနေပြီလား ကိုကို။
အင်း...ကိုကို ။ ဘာကြောင့်'ကိုကို'လို့ခေါ်မိသွားတာလဲမမေးနဲ့ အကြောင်းပြချက်မရှိဘူး။ ထိုလူသားကို'ကိုကို'လို့ခေါ်ရချင်းမှာ အကြောင်းပြချက်မှမလိုတာ...။
ရေချိူးပြီးတော့အိမ်ကိုဖုန်းဆက်ဖို့ပြင်ရသည်။ရောက်ရောက်ချင်းဖုန်းဆက်မယ်ပြောတာ မဆက်ဖြစ်ဘူး။
📞 ...............
📞 ဟယ်လို မား
📞 သားငယ်လေး ရောက်ပြီလား
📞 ရောက်တာကြာပြီ ကျွန်တော်အိပ်ပျော်သွားလို့
📞ရတယ်သားငယ် ၊ နေရတာကောအဆင်ပြေလား ၊ သားဖွားဖွားကောသက်သာလား
📞ပြေတယ် ၊ ဖွားဖွားလည်းသက်သာတယ်
📞အေးပါ အေးပါ ၊ သားနားချင်နားတော့လေ မားဖုန်းချလိုက်တော့မယ်
📞ဟုတ် မား
တီ! (ဖုန်ချသံ)
ဒေါက်!! ဒေါက်!!!
"သားလှိုင်း ထမင်းစားကြမယ်လေ ၊ သားပြင်ဆင်ပြီးရင်ဆင်းခဲ့နော်"
"ဟုတ်ကဲ့"
~~~~~~~
ထမင်းစားပြီးအပေါ်တက်လာတော့ ဘယ်ရယ်မဟုတ်ပြတင်းပေါက်နားကနေ ဟိုဘက်ကတစ်ထပ်အိမ်ကကိုယ့်အခန်းနဲ့မျက်နှာချင်းဆိုင်းအခန်းကိုငုံကြည့်မိပါသည်။ပြတင်းပေါက်စားပွဲခုံပေါ်မှာစာအုပ်တစ်အုပ်ကိုသည်းကြီးမဲကြီးဖက်နေတဲ့လူသားကိုမြင်ရသည်။ထိုလူသားကိုမြင်တိုင်း ရင်နှီးတဲ့ခံစားချက်ကိုခံစားရသလို ၊ စိတ်ထဲမှာနင့်နင့်သည်းသည်းလွမ်းသလိုခံစားရပါသည် ဘာကြောင့်လဲဆိုတာမသိ။
ŞİMDİ OKUDUĞUN
မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ်
Romantizmအဏ္ဏဝါလှိုင်း_ဥယျာဉ်ပျိူး ⌠ ᴜɴɪᴄᴏᴅᴇ - ᴢᴀᴡɢʏɪ ⌡ sᴛᴀʀᴛ ᴅᴀᴛᴇ >>> ⌠ 24 .11.2021 ⌡
part 3// 💘[unicode]
En başından başla
