part 3// 💘[unicode]

Start from the beginning
                                        

"ရပါတယ် ဖွားဖွား"

"ဪ ဥဥလေးကို ဖွားမြေးနဲ့မိတ်ဆက်ပေးရဦးမယ်"

"ဟုတ် ရတယ်အဖွား ၊ အယ် မေမေခေါ်သံကြားတယ် သားသွားတော့မယ် အဖွား"

ဘာလဲဟ! ဒီလူဖွားကမိတ်ဆက်ပေးမယ်ဆိုတာကိုကိုယ်နဲ့မိတ်မဆက်ချင်တဲ့သဘောနဲ့ သူအမေခေါ်နေတယ်ဆိုပြီးပြေးသွားတယ်။ဘယ်သူကကော သူနဲ့မိတ်ဆက်ချင်နေလို့လဲ!! အဟွန်း!

~~~~~~

ဟို့ဘက်အိမ်ကပြေးထွက်လာပြီးအိမ်ထဲပြေးဝင်တော့မေမေနဲ့တမ်းတိုးတော့တာပဲ...

"ဪဟဲ့ ဒီကလေးနှယ် ဘာလို့ပြေးလာတာလဲ"

"မပြေးပါဘူး‌‌ မေမေကလည်း"

ပျိူးမေမေကိုဗြောင်လိမ်လိုက်သည်။မိတိဆက်ပေးမယ်တဲ့ မိတ်ဆက်မခံချင်ပါ ၊ ခင်လည်းမခင်ချင်ပါ ၊ အလည်လာတဲ့ဧည့်သည်ကို။ ကိုယ်အရမ်းခင်သွားပြီးဆိုကာမှ သူ့အရပ်သူပြန်သွားရင် ကိုယ်ကကျန်ခဲ့ရဦးမယ်...အဲ့တာကြောင့်မေမေလှမ်းခေါ်သလိုလိုနဲ့ပြေးထွက်လာလိုက်တာ။ပြီးတော့ ငယ်ငယ်တုန်းကလည်း ကိုယ်ကျန်ခဲ့ရတာမလား??

ဟူးး ပြေးလာတုန်းကမမောဘူး ခုမှမောလာသလို။ဟိုဘက်ခြံနဲ့ဒီဘက်ခြံအရမ်းမဝေးဘူးဆိုပေမဲ့ နှစ်ခြံစလုံးကပန်းပင်စိုက်ရတာသဘောကျကြတဲ့လူတွေမို့ ခြံစည်းရိုးကနေ အိမ်နားထဲ‌ထိလမ်းတစ်ဖက်တစ်ချက်စီမှာပန်းပင်လေးတွေအစီလိုက်လုပ်ကာစိုက်ထားတာမို့ အိမ်နဲ့ခြံစည်းရိုးကလှမ်းပါတယ်။မောတာမို့ ရေအရင်သောက်ပြီးအမောဖြေလိုက်သည်။

"ရေတွေအရမ်းမသောက်နဲ့ဦး ထမင်းမစားနိုင်ပဲနေမယ်"

"မေမေ့လက်ရာကိုဘယ်တုန်းကမစားနိုင်ဘူးဆိုတာရှိလို့လဲ ၊ ဒီလောက်ကောင်းတဲ့လက်ရာလေးကို"

မေမေခါးကိုနောက်ကနေသိုင်းဖက်ပြီးပုခုံးပေါ်မေးစေ့လေးတင်ကာဆိုလိုက်သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ ၊ အမေကိုချွဲနေ လာထမင်းစားမယ်"

"ဟုတ် ဟုတ်"

~~~~~~

လှိုင်းအပေါ်ထပ်ပြန်တက်ပြီးရေချိူးဖို့ပြင်ရသည်။ခုနကခရီးပန်းလာတာကောဘာကောနဲ့မို့ အိပ်ပစ်လိုက်တာ ပတ်ဝန်းကျင်ကိုသေချာမကြည့်ရ ခုမှသေချာကြည့်မိတယ်။ ဘေးကတစ်ထပ်တိုက်အစိမ်းရောင်ကလေး ထို့အပြင်လှိုင်းအခန်းနဲ့မျက်နှာချင်းဆိုင်ကပြတင်းပေါက်ဖွင့်ထားတဲ့အခန်းကိုငုံကြည်မိတော့ ဟိုလူသားအခန်းလို့ထင်ရတဲ့အခန်းကိုတွေ့ရတယ်။

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now