part 3// 💘[unicode]

Start from the beginning
                                        

"ဟုတ် ဟုတ်"

အခါတိုင်းဟင်းကောင်းကောင်းလေးတွေချက်တိုင်းလည်းဟိုဘက်အိမ်ကဖွားဖွားတို့အိမ်သွားပေးနေကြမို့သွားပေးရန်ထွက်လာခဲ့လိုက်သည်။

~~~~~

"ဖွား!!! ဖွားဖွား!!! ဖွားရေ!!"

ကျစ်!! အောက်ထပ်ကအသံဆူးဆူးကြောင့် အိပ်နေတာတောင်လန့်နိုးတယ်။အောက်ထပ်မှာဘယ်သူမှမရှိကြဘူးလားမသိကြဘူး။လူမတွေ့ရင်ဆက်အော်ခေါ်နေမယ့်ကိန်းမို့ လှိုင်းအောက်ထပ်သို့ဆင်းလာခဲ့ရသည်။

"ဖွား! ဖွား!!"

"ဒီမှာ!! ဒီမှာ!"

‌ဟင်! လှေကားထစ်ကနေဆင်းလာတာညနေကတွေ့လိုက်တဲ့ကောင်မလား?။ဟုတ်ပါတယ်ဝတ်ထားတာညနေကတွေ့တဲ့လူပုံစံအတိုင်းပဲ။ သူကဘာလို့ဒီအိမ်ရောက်နေတာလဲ??။

"ဘာလဲ!"

"ခင်ဗျားကိုမေးရမှာဘာလဲ"

"မင်းကကောဘာလဲ"

ဪ! မင်းဘာလဲ?!! ငါဘာလဲ?!!နဲ့တောင်လာတွေ့နေသေးတယ်။ ကိုယ့်အိမ်လည်းလာသေးတယ်ကိုယ်ပြန်ဟစ်နေသေးတယ်။နေပါဦး! ဒီလူကညနေကပန်းခြံမှာတွေ့ခဲ့တဲ့လူအသံနဲ့တူသလိုလိုပဲ ပြီးတော့မျက်ဝန်းကြည်ကြည်တောက်တောက်ကလေးတွေကော။ကြည့်ရတာရေချိူးပြီးတဲ့ပုံ သနပ်ခါးကလည်းလိမ်းထားလိုက်တာ သနပ်ခါး‌အနစ်ထဲခေါင်းနစ်လာသလားထင်ရတယ် မျက်နှာတစ်ပြင်လုံးသနပ်ခါးအဖွေးစားနဲ့ ဆွဲနမ်းချင်စရာ အဲ..မှားလို့ ဆွဲဖျက်ပစ်ချင်စရာလို့ပြောတာ။ထိုသနပ်ခါးပြင်အောက်ကစံပယ်တင်မှဲ့လေးကိုတွေ့မိရင်ကော.....

"‌ဪ ဥဥလေးရောက်နေတာပဲ"

နောက်ဖေးကနေထွက်လာတဲ့ဖွားဖွားအသံကြားကာမှ လှိုင်းတို့အသံတိတ်သွားရသည်။ဘာတဲ့ 'ဥဥလေး' ခွီးး

ခွီးး

'ဥဥလေး'ဆိုတဲ့နာမည်ကိုရယ်မှန်းသိတာမို့မျက်စောင်းသာထိုးနာနာဖိထိုးပစ်လိုက်သည်။

"ဖွားဖွားတို့အိမ်ကို မေမေကဟင်းချိုင့်ပို့ခိုင်းလိုက်လို့ အဲ့တာသားလာပို့ပေးတာ"

"အေးကွယ် ဖွားကနောက်ဖေးခြံထဲလမ်းလျှောက်ထွက်နေလို့ သားခေါ်တာမကြားဘူးဖြစ်သွားတာ"

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now