သံသာပြန်သွားမှ ပျိူးဘာသာပျိူးချက်ထားတဲ့ဟင်းနဲ့စားလိုက်ရသည်။သူ့ချက်တဲ့ဟင်းဘယ်လို့မှမစားနိုင် သူ့ယူမယ့်ယောင်္ကျားအစားရင်မောလိုက်တာ။ထမင်းစားသောက်ပြီးခဏနားနေလေးနည်းနည်းအေးတော့ ခြံထဲကပန်းပင်လေးတွေရေလောင်ရန်ပြင်ဆင်ရတော့သည်။
"လူရှိလား?!!!"
"လူရှိလားဗျ!!!"
*ဟင်! ဘယ်သူမှမရှိဘူးထင်တယ်*အကူအညီရမလားလို့ဝင်လာပါတယ် ပြန်ထူးသံတောင်မကြားရဘူး။ရှေ့ဆက်သွားပြီးဆက်ခေါ်ရမလား,နောက်ပြန်လှည့်ရမလားတောင်မသိတော့။
*ဟိုမှာလူရိပ်*လူရိပ်တွေ့တာမို့ လူရိပ်ရှိတဲ့နေရာသွားရန်ပြင်လိုက်သည်။
ရေကော့ကိုလှည့်ပြီးရေပိုက်ကလေးကိုင်ကာပန်းပင်ကလေးများကိုရေလောင်းဖို့လုပ်ရသည်။*ဟင် ခုနလေးတင်ရေဖွင့်ခဲ့တာပါ ဘာလို့ရေမထွက်တာလဲ?*။ပိုက်အပေါက်ကိုမျက်နှာနားတိုးကြည့်ချိန်...
အာ့!!
ကျစ်!! မျက်လုံးကိုစပ်သွားတာပဲ။ပိုက်ကရေမလာလို့ ပိုက်အပေါက်ဝကိုမျက်လုံးနားတိုးကြည့်နေချိန် ရေကပန်းထွက်လာတာမို့ မျက်လုံးထဲဝင်သွားချင်း။
"ဒီမှာဗျ ဒီမှာ"
နောက်ကခေါ်သံကြားလို့လှည့်ကြည့်မိတော့ ကိုယ်ထက်ခေါင်းတစ်လုံးစာအရပ်ပိုရှည်တဲ့လူတစ်ယောက်။သူခြေထောက်ကိုကြည့်မိတော့ ပိုက်နဲ့နီးနီးလေးကပ်ရပ်လို့နေသည်။ဒါဆိုခုနက ပိုက်ကိုဒီအရှည်ကောင်တက်နင်းလို့ရေမလာတာဖြစ်ရမယ်!!!
"ဪ ခုနကပိုက်ကိုတက်နင်းထားတာ မင်းကို"
"ဗျာ!!"
"ကျစ်!! ခုနကမင်းပိုက်ကိုတက်နင်းထားတယ်လေ၊ ကိုယ့်ဟာကိုနင်းပြီးမသိဘူးလား"
အကူအညီတောင်းဖို့ဝင်လာပါတယ်ဆိုမှရန်တွေ့ခံနေရသည်။ကိုယ့်ရန်တွေ့တက်လူကထောင်ထောင်မောင်းမောင်းနဲ့ကိုယ်နဲ့levelတူဆိုလည်းထားတော့ ခုတော့လက်တစ်ဆစ်လောက်ကလေးနဲ့ရန်လာတွေ့နေတာ။ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးလည်းအသားပေါ်တဲ့နေရာမရှိအောင်အနွေးထည်လည်းဝတ်ထားသေး ။ တစ်ကိုယ်လုံးအလုံထုတ်ထားတဲ့လူသား!။
YOU ARE READING
မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ်
Romanceအဏ္ဏဝါလှိုင်း_ဥယျာဉ်ပျိူး ⌠ ᴜɴɪᴄᴏᴅᴇ - ᴢᴀᴡɢʏɪ ⌡ sᴛᴀʀᴛ ᴅᴀᴛᴇ >>> ⌠ 24 .11.2021 ⌡
part 2 // 💦[unicode]
Start from the beginning
