part 2 // 💦[unicode]

Comenzar desde el principio
                                        

~~~~~~~~

မနက်ကတည်းကထွက်လာခဲ့တာ နယ်ဘက်ကိုရောက်ဖို့ဘယ်လောက်မှမောင်းရန်မလိုတော့ပါ။လူကငြီးစိစိဖြစ်နေတာမို့ ရေဒီယိုဖွင့်ကာသီချင်းနားထောင်နေလိုက်သည်။ရေဒီယိုမှပျံလွင့်လာတဲ့ မျိူးကြီးရဲ့ 'မင်းရှိတဲ့မြို့'

🎵 အမှတ်မထင်ပဲ ဒီမြို့ငယ်လေးမှာဆုံတယ်
မင်းကိုပဲ ငါတစ်သက်စာဆုတောင်းမိတယ်
ဘယ်တော့ပြန်တွေ့မယ်

🎵 မသိနိုင်လဲစိတ်ထဲမှာတော့ ယုံကြည်ဆဲ
တစ်နေ့မှာတော့ငါတို့တွေဆုံစည်းရမယ်
နင်မမေ့လိုက်နဲ့.....

🎵 နေဝင်ရင်ငါတို့ခွဲရမယ် အိမ်ပြန်ချိန်ခဏလေးနှုတ်ဆက်ချိန်ရောက်လည်း...တို့နှစ်ယောက်လုံးရဲ့အမှတ်တရအဖြစ်နဲ့ ငါ့ရဲ့အသဲတခြမ်းမင်းဆီချန်ပြီး ဒီမြို့လေးရဲ့အဝေး...ငါပြန်သွားတဲ့အခါနင်မမေ့ဖို့ရာ ခဏလောက်ဆက်သိမ်းထားပါ

🎵 တစ်နေ့နေ့မင်းလေးရှိရာမြို့လေး ငါ့အရောက်လာမယ် ယုံကြည်ထားဆဲပါ ငါ့အသဲတစ်ခြမ်းဟာ မင်းရဲ့အချစ်များနဲ့ရှင်သန်နေဦးမှာ.......

သီချင်းသံအဆုံးရေဒီယိုကိုပိတ်လိုက်ကာကားကိုနည်းနည်းအရှိန်တင်မောင်းလာခဲ့လိုက်သည်။

လမ်းတစ်နေရာကားကတုန့်ခနဲ့ရပ်သွားတာမို့ ကြည့်လိုက်တော့ ဆီမရှိချင်း။ ကျစ်!! ထွက်လာခါနီးကားကိုတစ်ချက်စစ်ဖို့မေ့သွားတယ်။အကူအညီရလို့ရညားဘေးပတ်ဝန်းကျင်ကြည့်မိတော့ ပန်းတွေစိုက်ထားတဲ့ခြံတွေ့တာမို့ဝင်အကူအညီတောင်းရန်သာတွေးလိုက်သည်။ထောင်ထားတဲ့ဆိုင်းဘုတ်ကလေးကိုကြည့်မိတော့"မေတ္တာဥယျာဉ်"ဆိုတဲ့နာမည်လေးနဲ့ဆိုင်းဘုတ်ကလေး။ထောင်ထားတဲ့ဆိုင်းဘုတ်ကလေးကိုကြည့်မိတော့"မေတ္တာပန်းခြံ"ဆိုတဲ့နာမည်လေးနဲ့ဆိုင်းဘုတ်ကလေး။နာမည်လေးကစိတ်ဝင်စားစရာ ၊ ပြီးတော့ဒီခြံကသူနဲ့ရင်နှီးနေသလို့ခံစားချက်နဲ့အတူနွေးထွေးသလိုပါရောခံစားမိနေသည်။ဘာကြောင့်ဒီလိုခံစားချက်မျိူးကြီးဖြစ်နေရတာလဲ?? ‌။ဝင်သွားရင်တော့အကူအညီရလောက်မှာပါဆိုတဲ့စိတ်နဲ့ထို့ပန်းခြံလေးထဲသို့ဝင်ခဲ့လိုက်သည်။

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Donde viven las historias. Descúbrelo ahora