part 2 // 💦[unicode]

Start from the beginning
                                        

"ဒါက ချဥ်ဟင်း ၊ဒါက ငရုတ်သီးထောင်း ၊ ဒါက ကြက်သား ၊ချဥ်ဟင်းထဲမှာငါးခေါင်းလေးနဲ့ ငါးခေါင်းချဉ်ဟင်းလေး ၊ဒါက ငါးခြောက်ကြော် ငရုတ်သီးလေးနဲ့ "

"ထားခဲ့လေ ငါအလုပ်မပြီးသေးဘူး ၊ ပြီးရင်စားလိုက်မယ်"

"ဟာ....နင်ကလည်းခုစားပါဟ"

"ငါဗိုက်လည်းမဆာသေးဘူး အလုပ်လေးလည်းမပြီးသေးလို့ပါ"

"မရဘူးဟာ!  နင်မစားရင်ငါငိုမှာနော် ၊သူများကအပင်ပန်းခံပြီးချက် ၊ အပင်ပန်းခံပြီးသူ့ကိုစားစေချင်လို့လာပို့ရတာကို"

မျက်ရည်တွေဝိုင်းလာပြီးပြောနေတာမို့....

"အေးပါဟာ မငိုပါနဲ့ငါစားပါ့မယ်"

"အစကတည်းကအဲ့လိုဆိုပြီးနေတဲ့ဟာကို"

ကြောက်ကြောက်လန့်လန့်နဲ့ချဉ်ဟင်းကိုအရင်သောက်မိသောအခါ....

ဖူးးးးး အဟွက်!! အဟွက်!!!

"ဟယ် ရရဲ့လား ၊ ချဥ်ဟင်းကအရမ်းကောင်းလို့လားဟင် ဖြည်းဖြည်းသောက်ပါ ငါလုမသောက်ပါဘူး"

အမလေးးး မေးတက်လိုက်တာအရမ်းကောင်းလို့လားတဲ့!!! ချဥ်ဟင်းက‌ ချဥ်ဟင်းဆိုတဲ့limitတောင်ကျော်သွားတယ် ချဥ်တူးနေတာပဲ ဘယ်လိုများချက်လဲမသိဘူး။

ကျောတွေထုပြီးရေတွေအတင်းတိုက်လုပ်နေတာမို့..

"ရပြီ ရပြီ ၊ နင်ပြန်တော့လေ ငါပြီးမှစားလိုက်မယ်"

"အေးအေး ပြီးမှစားလိုက်နော် ၊ ငါပြန်တော့မယ်"

"အေးအေး ၊ဘာနဲ့လာတာလဲ?"

"စက်ဘီးနဲ့လေ"

"ဖြေးဖြေးလည်းနင်းပြန်ဦး!!!"

"ငါကျွမ်းပြီးသားပါဟ!"

"အာ့!"

"ဟဲ့ ဪ"

စက်ဘီးကိုဖြေးဖြေးနင်းဖို့ပဲမှာရသေးတယ် ခုပျိူးရှေ့တင်ခလုတ်တိုက်လဲနေသော ပျိူးသူငယ်ချင်းမ သံသာသာပင်။အနားသွားပြေးထူပေးရသေးသည်။

"ရလား?"

"ရတယ် ရတယ် ဘာမဖြစ်ဘူး"

ဟင်းးးး ခုမှပဲသက်ပြင်းချနိုင်တော့တယ်။လူလေးကချစ်ဖို့ကောင်းသလောက်လုပ်လိုက်ရင်တလွှဲ,တခါတလေအရာရာနဲ့အကြောင်းကြောင်းကြည်ပဲ။

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now