part 2 // 💦[unicode]

Start from the beginning
                                        

"အန်တီလာပို့ခိုင်းတာလား ၊ လာမပို့ပါနဲ့ဆို ဒီမှာချက်စားလို့လည်းရပါတယ်"

ပျိူးရှေ့ကထမင်းချိူင့်ထဲမှဟင်းများကိုပန်းကန်ထဲလှယ်နေသော သူငယ်ချင်းမသံသာသာအားပြောလိုက်ချင်းဖြစ်သည်။ သံသာကပျိူးရဲ့တစ်ဦးတည်းသောသူငယ်ချင်းမလေးပင် အရပ်ပုပုလေးနဲ့ပါးဖောင်ဖောင်းလေးတွေပိုင်ဆိုင်ထားတာမို့ချစ်စရာအတိ။အရမ်းလည်းဖော်ရွေတက်သလို အရမ်းလည်းအဖော်မင်တက်သည် ထို့အပြင်စွာလည်းစွာတက်သေး။

"အမယ်! ငါချက်ထားတဲ့လက်ရာလေးနင့်ကိုစားစေချင်လို့ပေါ့"

"နင်ချက်ထားတာ!!"

"အေးပေါ့ ၊ နင်ကဘာကိစ္စလန့်နေတာလည်း ဖြေးဖြေးပြောလည်းရပါတယ်ဟယ်"

"နင်ချက်ရင်တော့ အန်တီဆိုင်ရောင်းကောင်းတော့မယ် ဟင်းဟင်း"

"ငါချက်တာကိုရောင်းမလား ၊ အိမ်စားဖို့ငါ့ဘာသာချက်တာပေါ့ ၊ဒါပေမဲ့ ငါကနင့်ကိုအရမ်းကျွေးချင်လွန်းလို့လာ‌ကျွေးတာနော်"

ရွဲ့ပြောလို့ပြောမှန်းမသိ လူကိုပြန်တောင်ရှင်းပြနေသေးတယ်။သူ့အိမ်မှာသူချက်တာစားမယ့်လူမရှိလို့ပျိူးကိုလာကျွေးတာကိုများ 'ငါ့ကနင့်ကိုအရမ်းကျွေးချင်လွန်းလို့တဲ့' ၊ သူ့အကြောင့်မသိရင်ခက်မယ်။*စားရမှာခပ်လန့်လန့်ရယ်*

"စား....စားရမှာလား?"

သံသာတို့ကထမင်းဆိုင်လေးဖွင့်ထားတယ်။နယ်ဘက်ကလူတော်တော်များများနဲ့ခရီးသည်တော်တော်များများကတော့ သံသာတို့ဆိုင်မှာစားကြတာများသည်။ထမင်းဆိုင်လေးကလည်းဒီနယ်တဝိုက်မှာနာမည်ကြီးဆိုတော့ အရမ်းရောင်းကောင်းကြသည်။ အန်တီကိုယ်တိုင်ကလည်းဟင်းချက်ကောင်းတာမို့ပိုလူစီသည်။ သံသာချက်တာကတော့ ငန်တာကငန်,ပေါ့တာကပေါ့မို့ သူ့ချက်တာဘယ်သူမှမစားကြ ဒါကြောင့်လည်း ပျိူးကိုချော့မော့လာကျွေး‌ချင်းဖြစ်သည်။

"စားမှာသာစားစမ်းပါဟယ် အရမ်းစကားများတာပဲ"

ဟင်းတွေကိုတစ်ချက်ကြည့်မိတော့အရောင်အစင်းကြည့်ယုံနဲ့ အရမ်းဆွဲဆောင်နေပါတယ် မစားချင်လောက်အောင်ကိုပေါ့။ငါးခြောက်ကြော်လို့ထင်တဲ့ဟာကိုကြည့်မိတော့ မဲပြီးရဲပတောင်းခက်လို့ တူးသွားတာထင်တယ် ၊ကြက်သားကိုကြည့်မိတော့ အရည်တွေကအများကြီးကြက်သားအတုံးတွေကမြုပ်လို့ ရေများသွားတာထင်ပါတယ် ၊ ချဥ်ဟင်းနဲ့ကြက်သားဟင်းကမထူးမခြားနားပဲ ။ မစားရင်လည်းစိတ်ကောက်ဦးမယ် ။မစားရဖို့အရေးပျိူးတို့အရေးပဲ!!

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now