Episode (10)

Beginne am Anfang
                                    

" ကိုကေတာ့ သားလေး စိတ်ချမ်းသာမယ်ဆိုရင် ဘာကိုပဲ ဖြစ်ဖြစ်လုပ်ပေးမိမှာပဲ "

မိုးယုခင်၏ မျက်ဝန်းအစုံသည် ကလေးနှစ်ယောက်ဆီကနေ ဖယ္ခြာ၍ ဘေးနားရှိ ဦးဘုန်းပိုင်ဆီသို့ ရွေ့သွားလေသည် ။

" သားနဲ့ မိုး ဘယ်သူ့ကို ပိုချစ်လဲ "

အဆက်အစပ်မရှိ မေးလိုက်သည့် မေးခွန်းကြောင့် ဦးဘုန်းပိုင် ကြောင်အမ်းအမ်း ဖြစ်သွား၏ ။ ပါးစပ်မှလည်း " ဟမ် "ဟု ထွက်သွားရသည် ။

" ဖြေလေ ကိုကလဲ ၊ သားနဲ့မိုး ဘယ်သူ့ကို ပိုချစ်လဲ "

ဒုတိယအကြိမ် မေးလိုက်သော မိုးယုခင် အသံထဲမွာ သိချင်စိတ်အပြည့် ။

" တစ်ခါမှ မေတြးဖူးဘူး ၊ နှစ်ယောက်လုံးက ကို့ဘဝအတွက် မရှိမဖြစ်လိုတဲ့ လူနှစ်ယောက်လေ ၊ မိုးနဲ့ သားသာ မရှိရင် ကို အသက်ရှင်ဖို့ ခက်သွားလိမ့်မယ် ၊ ကို့ကိုသာ မေးနေတာ ၊ မိုးရော ကိုနဲ့သားမှာ ဘယ်သူ့ကို ပိုချစ်လဲ "

အော်ဟစ်ပျော်မြူးနေသော သားလေးကို ပြန်ကြည့်လိုက်ကာ

" သားကို ပိုချစ်တယ် ၊ သားအတွက်ဆိုရင် မိုးအသက်ကိုတောင် ပေးနိုင်တယ် ၊ ကို စိတ်မဆိုးဘူးမို့လား "

" စိတ်ဆိုးစရာလား မိုးရယ် ၊ အမေတွေရဲ့ အခ်စ္ကို အေဖေတြက ယှဉ်နိုင်ဖို့ ခက်တာပဲလေ "

လူကြီးနှစ်ယောက်က စကားပြောနေကြသလို အသားဖြူ ဖြူ ကောင်လေးနှင့် အသားညိုညို ကောင်လေးနှစ်ယောက်ကတော့ တူတူပုန်းတမ်း ကစားနေကြသည် ။ ညေန နေရောင်ဖျော့ဖျော့အောက်၌ ပျော်ရွှင်စွာ ကစားနေကြသည့် ကလေးနှစ်ယောက်မှာ ပန်းချီကားတစ်ချပ်ကို မြင်နေရသကဲ့သို့ အသက်ဝင်လှ၏ ။

စာဖတ်ရမည်ဆိုလျှင် လက်ဝဲဘုန်းပိုင်က ဘယ်သောအခါမှ
ပင်ပန်းသည်ဟု မထင်ပေ ။ စာဖတ်လို့ ပြောစရာကို မလို ။

နံနက်ဆယ်နာရီဆိုလျှင် လေးတန်းအတွက် ငှါးထားသည့် ဆရာမ
နှစ်ယောက်က အလှည့်ကျလာပြီး စာသင်သည် ။ နေ့လယ်တစ်နာရီကနေ သုံးနာရီ အထိကေတာ့ အင်္ဂလိပ်ဘာသာစကားသင်ရသည့်အချိန်ဖြစ်၏ ။ စာသင်တာကို မြင်ရတဲ့ ခပ်လှမ်းလှမ်းနေရာကတော့ လက်ယာဘုန်းပိုင်ရဲ့ နေရာဖြစ်တယ်ပေါ့ ။ ငြိမ်ငြိမ်လေးထိုင်ပြီး ငေးကြည့်နေတတ်တဲ့ မျက်လုံးပြူးပြူးလေး ။ လက်ဝဲ ဘဝမှာ
ထိုမျှ အချစ်ခံရမည်ဟု တစ်ခါမှ မတွေးမိခဲ့ ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Wo Geschichten leben. Entdecke jetzt