"ဟော်လိုးဝင်းဖူးစာ"

Start from the beginning
                                    

အဆောင်မှူးကလွယ်သည်မဟုတ်။ မိဘအိမ်တိုင်မည်တောမည်နှင့် ဇာတ်လမ်းကရှည်တတ်သည်။ ဘုထွက်အောင် အခေါက်ခံရသည်က အကြောင်းမဟုတ်သော်လည်း အတိုင်ခံရလျှင် အလိုအလျောက် အိမ်မှပို့သည့်စရိတ် ပြတ်တောက်မည် ဖြစ်ရာ ဘသွင်တို့က အဆောင်မှူးဆိုလျှင် မီးသေနေခြင်းဖြစ်သည်။

အခန်းဖော် ဇော်မင်းကား ဒီတစ်ခါ အတိုင်ခံရလျှင် ၎င်း၏ဌာနေ မန်းတောင်ရိပ်ပြန်ကာ ခွက်ဆွဲပြီး ကောလိပ်စရိတ်ကို ရှာရုံပဲကျန်တော့သည်။

"ဒေါက်ဒေါက်''

ဘသွင်က ဖြူဖျော့ဖျော့၊ ပိန်ပါးပါး။

သို့ကြောင့် ဇော်မင်းကိုယ်ကြီးကို မနိုင်။ ကြမ်းပြင်ထက် ၎င်း၏ ခြေထောက်ကို စုံကိုင်၍ ကိုးရိုးကားရား ဖြစ်နေတော့သည်။

အခန်းတံခါးခေါက်ခြင်းသည် ဟန်ပြမျှသာဖြစ်၍ အထဲကထူးချင်ထူး၊ မထူးချင်နေအဆောင်မှူးက ဆွဲဖွင့်လေ့ရှိသည်။

တံခါးဆွဲဖွင့်လိုက်သောအခါ-

အဆောင်မှူးမှာ အိပ်ချင်မူးတူးနှင့်ယောင်နန ထိုင်နေသော ဇော်မင်းနှင့် ၎င်း၏ ခြေထောက်ကို စုံကိုင်၍ မြှောက်ထားသော ဘသွင်ကို တွေ့လိုက်ရချေသည်။

"ဟိုကောင် အခုထိမထသေးဘူးလား''

"မဟုတ်ပါ၊ သူနိုးနေတာကြာပြီ ဆရာ''

"နို့ဖြင့် မင်းဘာကိစ္စသူ့ခြေထောက်ကိုင်ထားရတာလဲ၊ မနိုးလို့ဆွဲချနေရတာမလား''

ထိုအခါမှ ဘသွင်လည်း သူကိုင်ထားသည့် ခြေထောက်အစုံကို လွှတ်ချပစ်လိုက်သည်။

ဘသွင် အယူခံမတက်သေးခင်ပင် အဆောင်မှူးက -

"ဘာမှလာမပြောနဲ့၊ နိုဝင်ဘာအတန်းတင်အိတ်ဇ်ဇမ်းက နီးပြီ၊ မင်းတို့က ပေါ့ပေါ့လျော့လျော့နေတုန်းပဲလား၊ မှတ်သားလောက်အောင် ငါသံကြိုးရိုက်ပြီးတိုင်ပြမယ်''

"မလုပ်. . .မလုပ်ပါနဲ့ ဆရာကျွန်တော်နိုးတာကြာပါပြီ၊ စာကြည့်နေရင်း. . .''

ဇော်မင်းက အဆောင်မှူးဆီက တိုင်မည်ဟုအသံကြားမှ အိပ်ချင်ပြေသွားပုံရသည်။ ကမူးကတူး လျှောက်ပြောလေသည်။

One Shots by Heather (Myanmar Colonial Era)Where stories live. Discover now