သူ့ခါးကို လွှတ်ပေးပြီး ပြေရာပြေကြောင်း ညှိနှိုင်းလည်း ရတဲ့ဟာကို ခုတော့ လူကို သူ့ချစ်သူ များမှတ်နေလား မသိဘူး ဖက်ထားတာများ လွှတ်ကို မလွှတ်တော့ ။ ဗလကလည်း အားကြီး ။ ရှောင်းကျန့် က သူ့လက်တစ်ပွေ့စာလောက်ပဲ ရှိတယ် ။

ရာထူးခြင်း ယှဥ်မလား ။ အား ခြင်း ယှဥ်မလား ။ တစ်ခုမှ မသာတဲ့ ရှောင်းကျန့်လေးက အရိပ်အကဲတော့ သိတယ်ရယ် ။ ကြိမ်ဆဲနေတာတွေကို ပါးစပ်က ထုတ်ပြောစရာလား စိတ်ထဲက ပဲ ကြိုက်သလိုပြောမှာပေါ့ ။ သူ့စိတ်ထဲက စကားတွေကို ဝမ်ရိပေါ်က ကြားနိုင်တာမှ မဟုတ်ပဲ ။

" ကျွန်တော့်ကို ခနလောက် စဥ်းစား ခွင့်ပြု "

ဝမ်ရိပေါ်က  ရှောင်းကျန့် အပြောကြောင့် ရှောင်းကျန့် ဆပ်နိုင်လောက်မဲ့ နည်းလမ်းကို  အပြင်းအထန် စဥ်းစားပေးနေတဲ့ ပုံရိပ်ကို ဖမ်းလိုက်တယ် ။ ရှောင်းကျန့်ကိုတော့ သူ့လက်ထဲကနေ ခုထိ သွားခွင့်မပေးသေးဘဲနဲ့ပေါ့ ။ 

သူတို့ ရှ်ိနေတာ ကော်ဖီဆိုင်တစ်ခုလို့ပြောပေမဲ့ ဒီဆိုင်က သူတို့ ကုမ္ပဏီနဲ့ အနီးဆုံးမှာ ရှိတယ် ။ဒါကြောင့် တခြား စျေးဝယ်သူတွေထက် သူတို့ ရုံးက ဝန်ထမ်းတွေ က ဆိုင်ထဲမှာ ပိုများတယ် ။

ကုမ္ပဏီက အခြားဝန်ထမ်း တွေက သူတို့ဘေး ပတ်ပတ်လည်ကို မသိမသာ စုဝေးလာကြပြီး ကို့ရိုကားယားဖြစ်နေတဲ့ ရှောင်ကျန့်ကို ရယ်ချင်နေတဲ့ အပြုံးမျိုးနဲ့ ကြည့်နေကြတယ် ။ ပေါ်တင်တော့ မရယ်ရဲကြပါဘူး ။ကိုရို့ကားယားဖြစ်အောင် လုပ်တဲ့ တစ်ယောက်က  မကြာခင် သူတို့ CEO ဖြစ်မဲ့သူလေ ။ သူတို့ အလုပ်မပြုတ်ချင်ဘူး ။

ပြီးတော့ သူတို့ သူတို့ရှေ့က မြင်ကွင်းကို မယုံနိုင်သေးဘူး ။ မကြာခင် သူတို့ CEO ဖြစ်လာမဲ့ သူတစ်ယောက်က  သေးသေးသွယ်သွယ်ကောင်လေးရဲ့ ခါးကို တင်းတင်း ဖြစ်ညှစ်ထားပြီး အဲ့ဒီကောင်လေးကတော့ သူ့ကို ဖက်ထားတဲ့ လူကို ခြေတကာကာ လက်တကာကာနဲ့ ရှင်းပြနေတယ် ။ ဘာတွေ ရှင်းပြနေလည်းတော့ သူတို့လည်း သိပ်မနီးတော့ သေချာ မကြားရဘူး ။

ဝမ်ရိပေါ်ရဲ့ သူငယ်ချင်းတွေကလည်း ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ သိချင်စိတ်နဲ့ ဝန်ထမ်းတွေနဲ့ အတူ စုဝေးလာတယ် ။ ဒါပေမဲ့ အဲ့ဒီ စုဝေးနေတဲ့ လူတွေ ထဲမှာတော့ ရှောင်းကျန့်ရဲ့ သူငယ်ချင်းတွေကို  မတွေ့ရဘူး ။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now