"ကဲကဲ.. ရှေးဟောင်းနှောင်းဖြစ်လေးတွေအေးအေးဆေးဆေး ဆွေးနွေးနှင့်ကြပါဦး..ရှောင်ကျန့်ရေ.! ငါသွားပြီကွာ"

ကျူးရှီးလော့ စကားကို ဝမ်ရီပေါ်က နှာတစ်ချက်မှုတ်ပါတယ်။လမ်းခွဲပြီးတဲ့ Ex နဲ့ပြန်တွေ့တဲ့အခါ ဘယ်လို 'ရှေးဟောင်းနှောင်းဖြစ်' မျိုးက အဆင်ပြေတဲ့အနေအထားတစ်ခုကို ဖန်တီးပေးနိုင်မှာလဲ။

အခန်းထဲကလေထုကြီးကတော့တံခါးပိတ်သံနဲ့အတူ တဖြည်းဖြည်း အေးစက်လာပါတယ်။ဝမ်ရီပေါ်က လက်လေးတွေကို ဆုပ်ချေရင်း ကုတင်နားကို တိုးသွားမိပေမယ့် သူက ရှောင်ကျန့်ကို မကြည့်ရဲသေးပါဘူး။

"ဝမ်ကလေး.."

"ဟင် "

ဝမ်ရီပေါ်က တစ်ကိုယ်လုံးတုန်တက်သွားတဲ့အထိ စိတ်လှုပ်ရှားမိသွားတယ်။အချစ်ဦးကြီးရဲ့ 'ဝမ်ကလေး' လို့ခေါ်သံခပ်ရှရှမှာသူကကျဆုံးပါတယ်။
ဒီနာမ်စားကို မကြားခဲ့ရတာ အတော်ကြာနေခဲ့ပါပြီ။
သူAccident မဖြစ်ခင်..
အချစ်ဦးကြီးနဲ့ ပထမဆုံးပြန်တွေ့တဲ့အချိန်က 'ရီပေါ်' လို့အံအားတကြီး ရေရွတ်နေခဲ့သေးတဲ့ ရှောင်းကျန့်ကို တွေးမိတော့ ဝမ်ရီပေါ်ဟာ စိတ်တိုရပါတယ်။
Lucy Yuan နဲ့ rumor ထွက်ခဲ့တဲ့ ရှောင်ကျန့်ကို နည်းနည်းမှတောင် မကျေနပ်ပါဘူး။

"ကိုယ့်ဆီကို လာတာလား ..."

"မင်းဆီကို မလာလို့ ငါက ဒီအခန်းထဲမှာ ဘယ်သူ့ကိုလာတွေ့ရမှာလဲ"

ဗက်ခနဲ ပြန်ပြောလိုက်တဲ့ ဝမ်ရီပေါ်က အချစ်ဦးကြီးဆီက ခပ်လွင်လွင် ရယ်သံလေးတွေကို ကြားလိုက်ရပါတယ်။သူက မအောင့်အီးနိုင်စွာ မော့ကြည့်လိုက်တော့ ပြုံးပြုံးကြီး ကြည့်နေတဲ့ ရှောင်ကျန့်ရယ်ပါ။
မနေနိုင်တဲ့အဆုံး မျက်စောင်းတစ်ချက်သာ ထိုးမိပါတော့တယ်။

"မရယ်နဲ့.."

"ဝမ်ကလေးရယ်..ကိုယ်မင်းကို တွေ့ချင်နေခဲ့တာ"

"မင်းက ငါနဲ့ဘယ်တုန်းကရင်းနှီးလို့ ဒီလိုတွေလာပြောနေတာလဲ။မင်းရဲ့ မင်းသမီးတွေ ကိုသာ သွားပြော"

"အဟင်း..မင်းရဲ့လက်ကလေးကို ပြပါဦးကွာ.."

ရှောင်ကျန့်က လက်တံရှည်ကြီးအားကိုးနဲ့ သူ့လက်တွေကို ဆွဲယူပြီး ဖွဖွကလေးအုပ်မိုးလို့ ကိုင်ပါတယ်။
သူ့ရဲ့လက်တွေကို စိုးရိမ်းတကြီး ကြည့်နေတဲ့ ရှောင်ကျန့်ကို ကြည့်ပြီး ဝမ်ရီပေါ်က မျက်ရည်လည်လာမိတယ်။

The Protagonist is My Ex [Completed]Where stories live. Discover now