အပိုင်း (၁၈)

Start from the beginning
                                    

         အသံကုန်ဟစ်အော်လိုက်တဲ့ အချိန် သူ့မျက်လုံးတွေ ပွင့်လာပြီး အိမ်မဟုတ်တဲ့ နေရာတစ်ခုကို ရောက်နေတာ သတိထားမိသွားသည်။
သူ့ဘေးမှာ သူဌေးလျိုနဲ့ ဟောက်ရွှမ်းက စိုးရိမ်သည့် မျက်လုံးတွေဖြင့် သူ့အားကြည့်နေလျက်။

"ကိုကို ... ကိုကို့ဆီသွားမယ်"

"ဝမ် အားနည်းနေတာမို့လို့ အနားယူလိုက်ဦး ... ခုနက ရှောင်းကျန့်က ဝမ့်ကို လာကြည့်သွားတယ်"

"ဟုတ်တယ် ရိပေါ်လေး ... အနားယူဦးနော်"

         သူ အခုမှသတိထားမိသည့် အကို ကျိုးချန်က သူ့ဆံပင်လေးကို ပွတ်သပ်ကာ ဆိုသည်။

"ကိုကို ဘယ်မှာရှိမလဲ ... ကိုကို့ဆီ ပို့ပေး"

"ဝမ် ... ! မလုပ်နဲ့ ... "

      သူဌေးလျိုစကားကို ဂရုမစိုက်စွာ လက်ကဆေးပိုက်တွေကို ဆွဲဖြုတ်ပြီး ကုတင်ပေါ်ကဆင်းလိုက်တော့ အနည်းငယ်ယိုင်သွားတဲ့ သူ့ကို ဟောက်ရွှမ်းကနေ လှမ်းထိန်းပေး၏။

"ငါလိုက်ပို့ပေးမယ်"

"ကိုကိုဘယ်မှာရှိနေလောက်မလဲ ..."

"အိမ်မှာ ဒါကို သွားရှာနေလိမ့်မယ်"

     အကိုကျိုးချန်က သူ့လက်ထဲကို ထည့်ပေးလာတဲ့ Memory Stick ကလေး ။ သူထိတ်လန့်သွားကာ လက်တွေပါ တုန်ယင်လာသည်။
အကိုကျိုးချန်က ကြိုမြင်နေ၍ တော်ပါသေး၏ ။ မဟုတ်ရင် ဒီသက်သေကိုယူပြီး ကိုကိုက ဝန်ခံဖို့ လုပ်ထားဟန်။

"ငါ့ကို ... ငါ့ကို ကိုကို့ဆီလိုက်ပို့ပေးပါ ဟောက်ရွှမ်း "

"ကိုယ်ပါလိုက်မယ်"

       သူဌေးလျိုက သူ့အား ဒူးအောက်ကနေပွေ့ချီပြီး ဆေးရုံခန်းဆီကနေ အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ သူ့ကို ဘေးနားကနေ အမြဲစောင့်ရှောက်ပေးနေတဲ့ သူဌေးလျိုဟာ သူ့ဦးလေးအရင်း ပါတဲ့။
ဒီတစ်ချက်ကိုတော့ သူကျေကျေနပ်နပ် လက်ခံ၏။

"ဟောက်ရွှမ်း မင်းမောင်းမလား"

"မောင်းမယ်ဦးလေး"

"ကျိုးချန်ပါတစ်ခါတည်းလိုက်ခဲ့လိုက်"

       သူ့ကို ကားအနောက်ခန်းထဲမှာပဲ ထိုင်စေပြီး အကို ကျိုးချန်ကတော့ ဟောက်ရွှမ်းဘေးမှာ ဝင်ထိုင်သည်။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now