Time Skip......

ခစားနိုးလာတော့ သူ့ခြေထောက်တစ်ဖက်က
ဟိုလူ့ခါးပေါ်မှာ ရောက်နေတာကိုသူသိလိုက်
ရတယ်.....

" ကျစ်...!!..."

အလိုက်ကန်းဆိုးမသိတဲ့ သူ့ခြေထောက်ကိုလဲ ခုတ်ထစ်ပြီး ခွေးစာကျွေးပစ်ချင်တယ်.....

ခစား စိတ်ပျက်လက်ပျက်နဲ့ မုသားခါးပေါ်က သူ့ခြေထောက်ကို ဆတ်ကနဲဆွဲယူလိုက်ပြီး ရေချိုးခန်းထဲဝင်သွားတော့သည်.....

ကုတင်ပေါ်က မုသားကတော့ ပင်ပန်းလို့ထင်ပါရဲ့ အခုထိအိပ်မောကျနေတုန်း......

ခစားကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာတဲ့အထိ ဟိုလူကမနိုးသေး.....မနိုးသေးလည်း သူဂရု
မစိုက်ပါ....သူ့သူ ထချင်ထ မထချင်နေ.......

သူကတော့ ဒီအချိန်ဆို အဖေလည်းအိမ်ပြန်ရောက်နေပြီမလို့.... သူပြောစရာရှိတဲ့ စကားကို ပြောဖို့ အောက်ဆင်းလာတော့သည်.....

အောက်ရောက်တော့ သူ့အဖေနဲ့အမေက ဧည့်ခန်းထဲမှာ ထိုင်နေကြတာမို့ သူလည်း ဧည့်ခန်းထဲကိုပဲတန်းဝင်သွားတော့သည်....

" အဖေ....."

"............."

ခစား ဦးထိုက်စံကိုခေါ်ရင် ဆိုဖာပေါ်ဝင်ထိုင်တဲ့အထိ ဦးထိုက်စံကတော့ ဘာသံမှမထွက်သေး.....

" ကျွန်တော် ပြောစရာရှိတယ်...."

" ပြော....."

" ကျွန်တော်တို့အိမ်ခွဲနေမယ်....."

ဦးထိုက်စံသူ့သားစကားကြောင့် မျက်ခုံးပင့်မိသွား‌ေတာ့သည်။

" ဘယ်လို့ခွဲနေမှာလဲ......"

" ဘာလို့မှမဟုတ်ပါဘူး.....အိမ်ထောင်ကျပြီးပြီဆိုတော့ အိမ်ခွဲနေချင်လာလို့.....အဲ့ဒါ အဖေစီစဉ်ပေးပါ....."

" မင်း ဟိုကောင်လေးကို ဒုက္ခပေးဖို့ဆိုရင်တော့ ငါလက္မခံနိုင်ဘူး သက်တံ့ခစား....."

" ကျွန်တော်က သူ့ကိုဘာလို့ ဒုက္ခပေးရမှာလဲ....မျက်နှာချင်းတောင်ဆိုင်ချင်တာမဟုတ်ဘူး သူနဲ့......"

"............."

" မနက်ဖြန်ပဲ ကျွန်တော်တို့  ဇီဇဝါလမ်းထဲက အိမ်ကို ပြောင်းနေမယ်အဖေ.....ပြီးတော့ အဖေတို့ စိတ်ချ ကျွန်တော်က အဖေတို့သားအရင်းမဟုတ်တဲ့ သားကို မရိုက်ဘူးမနှက်ဘူး.....လက်ဖျားနဲ့တောင်မထိဘူး....."

ခစားပိုင်တဲ့ မုသားWhere stories live. Discover now