အပိုင်း ၂

Start from the beginning
                                    

အေးစက်မှုနှင့် နွေးထွေးမှုကို တစ်ချိန်တည်း ဖော်ကြူးပေးနိုင်သည့် ဓာတ်ပုံ...

သေချာသည်။ ရှင်းသုတပိုင် အတွက်တော့ နောက်တစ်ကြိမ်သေချာစီစဥ်၍ ရိုက်လျှင်တောင် ဒီလို တိကျလှပသော ခံစားမှုမျိုး ရနိုင်မည်မထင်တော့ပေ ။

" ခွင့်မတောင်းပဲ တင်လိုက်လို့ ဖြစ်ရောဖြစ်ပါ့မလား "

ရှင်းသုတပိုင် စားပွဲပေါ်တွင် တံတောင်နှစ်ဖက်ထောက်၍ လက်ချောင်းများယှက်သွယ်ထားသောအပေါ်တွင် မေးတင်ကာ ဓာတ်ပုံကိုငေးနေရင်း ရေရွတ်လိုက်မိသည်။ အမှန်တကယ်တော့ ကမ္ဘာပေါ်တွင်  ကာယကံရှင်အား ခွင့်မတောင်းမိဘဲ လျှပ်တပြက်ရိုက်ကူးခဲ့သော ဓာတ်ပုံအများအပြားရှိသလို အများစုကလည်း အင်မတန်လက်ရာမြောက်လှ၏ ။

အခု ရိုက်ယူလာခဲ့သောပုံမှာလည်း မနှစ်မြို့ဖွယ် တစ်စုံတစ်ရာမရှိ ။ ကာယကံရှင် ကိုယ်တိုင်မြင်လျှင်လည်း သဘောကျဖွယ်သာ ဖြစ်သည်။

နောက်ဆုံးတော့ ရှင်းသုတပိုင် ခါးပြန်ဆန့်ကာ မျက်ခုံးတွေကို ပင့်လိုက်ရင်း mouse ပေါ်ထက် လက်တင်၍ ရိုက်ကူးလာသော ဓာတ်ပုံများကို page တွင်တင်ရန်သာ လှုပ်ရှားလိုက်တော့၏။ အကယ်၍ ဓာတ်ပုံထဲမှအစ်ကို မြင်၍ လာဆက်သွယ်လျှင်လည်း သူဓာတ်ပုံကို print ထုတ်၍ လက်ဆောင်ပို့ပေးလိုက်မည်လေ ။ တောင်းပန်သည့်အနေနှင့်ရော ၊ ကျေးဇူးတင်သည့်အနေနှင့်ရောပေါ့။

" ပိုင်ပိုင် .. မာမီက ညစာစားမယ်တဲ့ "

" ဟုတ် မမ ၊ ခဏနေရင် လာခဲ့မယ် "

အခန်းဝကနေ အော်ခေါ်သွားတဲ့ အစ်မဖြစ်သူကို ရှင်းသုတပိုင် အသံပြန်ပေးပြီးသည့်နောက်တွင်တော့ စားပွဲပေါ်က ရှင်းစရာရှိတာတွေ ရှင်းရင်း အောက်ထပ်သို့ ညစာစားရန် ဆင်းလာခဲ့တော့သည်။

__________________________

" သားပိုင် ဒီညလုပ်စရာမရှိရင် ဒယ်ဒီ့ကို စာရင်းနည်းနည်း ကူရှင်းပေးဦး "

မိသားစုလေးယောက် ထမင်းလက်ဆုံစားနေကြရင်း ဒယ်ဒီက စကားစတော့ ရှင်းသုတပိုင် အိုကေဟု လက်ညိုးနှင့်လက်မ ဝိုင်းစုပြ၍ ခေါင်းညိတ်ပြလိုက်၏။

ရင်ခုန်သံအကျိုးအပဲ့Where stories live. Discover now