Let's study {Unicode}

352 12 1
                                    


みなさん おはよう
အားလုံးဘဲ မင်္ဂလာပါ။

အခုဆို လွမ်းတို့ နိုင်ငံလေးဟာ
11လပိုင်း2019 ကစပြီး တစ်ကမ္ဘာလုံးမှာ စတင်ဖြစ်ပွားခဲ့တဲ့ Covid နဲ့
2လပိုင်း 2021ကစပြီး အာဏာသိမ်းခဲ့တဲ့ ခွေးပုနဲ့အပေါင်းအပါတစ်စုရဲ့ အကြမ်းဖက် လူမဆန်မှုတွေကြားထဲမှာ ရုန်းကန်ရပ်တည်နေကြရပါတယ်။

2လပိုင်း 2020 မှာ ဘွဲ့ရခဲ့တဲ့ကိုယ်ဟာ လုပ်ငန်းခွင်ဝင်ပြီး မကြာပါဘူး ။Covid Second Wave ကြောင့် အလုပ်နားခဲ့ရတယ်။

Covid လေး တည်ငြိမ်လာတော့လည်း အာဏာသိမ်းမှုတြွေဖစ်လာတော့ ရရာနေရာမှာ တစ်ထောင့်တစ်အားပါဝင်ရင်း အခုတော့ အိမ်မှာဘဲ အားနေပါတော့တယ်။

အဖွားစုပြောခဲ့ဖူးပါတယ်။
*လူတိုင်းမကြောက်တတ်တာမဟုတ်ပါဘူး။ ကျွန်မလည်းကြောက်တတ်တာပါဘဲ ။
ဒါပေမယ့် အဲဒီကြောက်တဲ့အရာတွေကို ရင်ဆိုင်နိုင်ရင်တော့ သတ္တိရှိတာဘဲ*။

အဲဒီလိုပါဘဲ အခုဖြစ်ပွားနေတဲ့ လူမဆန်မှုတွေ အကြမ်းဖက်မှုတွေ အာဏာရူးမှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ ဓားပြတိုက် ဂုတ်သွေးစုပ် အမြတ်ထုတ်မှုတွေ .......
{အဲခွေးပုနဲ့အပေါင်းအပါတစ်စုရဲ့ ဝိသေသတွေက ပြောမဆုံးပေါင် တောသုံးတောင်မို့ ဆက်မပြောနိုင်တော့ပါဘူး။}
စသဖြင့်ပေါ့နော် ။

အဲဒီလုပ်ရပ်တွေကြောင့် အလုပ်အကိုင်တွေပျက် ကုန်ဈေးနှုန်းတွေတက်လို့တက် GDPတွေ တက်လို့တက်နဲ့ အကုန်ကမောက်ကမဖြစ်မှုတွေကြားမှာ ထိုင်ပြီး စိတ်မညစ်နေပါနဲ့။

ကြားဖူးတဲ့ ဆိုရိုးစကားတစ်ခုပါ။
*ဘယ်လိုအခြေနေမှာဘဲဖြစ်ဖြစ် ဘဝကို အကောင်းဆုံးရှင်သန်ပေးပါ
ကားမရှိဘူးလား ဆိုင်ကယ်နဲ့သွားပါ
ဆိုင်ကယ်မရှိဘူးလား စက်ဘီးနဲ့သွားပါ
စက်ဘီးမရှိဘူးလား ခြေလျင်သွားပါ
ခြေထောက်မရှိဘူးလား တွားသွားပါ
အဓိက က မင်းရပ်မနေဘဲ ရှေ့ဆက်သွားဖို့ပါဘဲ*တဲ့။

အဲဒီလိုဘဲ ကိုယ်အလုပ်ကိုပြန်မသွားရတော့ အကျိုးရှိအောင်ဘာသာစကားတစ်ခုကို စတင်လေ့လာပါတယ်။
Chinese Language ပါ။
အဲတုန်းက လက်ထဲမှာ ပိုက်ဆံလေးကျန်သေးတော့
Online class တွေ တက်ပြီး တရုတ်စာကိုသင်ပါတယ်။
HSK Level ~1ပြီးလုပါပြီ။

အဲဒီအချိန်မှာ နိုင်ငံကိုအာဏာသိမ်းမှု စဖြစ်ပါတယ်။
Boycott လုပ်တဲ့စာရင်းထဲမှာ Chinese လည်းပါတော့ ကိုယ်ဆက်မသင်တော့ပါဘူး။

တခြားဘာသာကို လေ့လာမယ်ဆိုပြီး စဉ်းစားလိုက်တော့ Japanese Language ကိုတွေ့သွားပါတယ်။
လစာလည်းကောင်းတယ် မြန်မာနိုင်ငံမှာလည်း အလုပ်ကိုင်အခွင့်လမ်းတွေရှိတော့ သင်ပြီပေါ့။

ဒါပေမယ့် ခက်တာက လက်ထဲမှာ ချူးတစ်ပြားမှ မရှိတော့ပါဘူး။
အဲတော့လည်း Self Study ရတော့တာပေါ့
အဓိက သင်ယူဖြစ်တာပေါ့ ။Youtube နဲ့ Fb ကနေပေါ့
သြော Wp ကနေလည်း လေ့လာဖြစ်ပါတယ်။

အခုဆို Basic ပြီးလို့ N5 လေ့လာနေရင်းနဲ့ ကိုယ့်လိုဘဲ ဂျပန်စာကို လေ့လာချင်ပေမယ့် ချူးမရှိတဲ့သူတွေအတွက်ရော ကိုယ်တိုင်လည်း
ပြန်နွှေးတဲ့သဘောမျိုးလည်းရောက်အောင် ဒီ Wp မှာ
ကိုယ်သိထားသလောက် ဂျပန်စာလေးတွေကို ပြန်မျှဝေပေးလိုက်ပါတယ်။

ပညာရှင်မဟုတ်တဲ့ ကိုယ့်အားကိုကိုး လေ့လာနေတဲ့ပညာသင်မို့ မှားတယ်ထင်ရင်
ထောက်ပြနိုင်ပါတယ် ။ အကြံဥာဏ်ပေးနိုင်ပါတယ်။
ဝေဖန်တာ ကဲ့ရဲ့တာ ရှုံ့ချတာတွေတော့ သည်းမခံနိုင်ပါဘူး။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
はい, ありがとうございます.

#အမိနိုင်ငံ အမြန်ဆုံး ပြန်လည်အေးချမ်းပါစေ။

3/11/2021{Wed}

•••••°••••°•°°••••••••°°•••••••

CLICK2DONATE ရဲ့ OFFICAL version2.0 ချန်နယ်ဖြစ်ပါတယ်ခင်ဗျာ။
https://t.me/click2donate2

Study yourself at Japanese Language🇯🇵Where stories live. Discover now