အပိုင်း-၄

Start from the beginning
                                    

_________________________________

စာသင်ချိန်ပြီး၍ အိမ်ပြန်ရန် စာသင်ခန်းမှအထွက် ဝင်တိုက်မိသောရင်ခွင်တစ်ခု၊

ဝင်တိုက်မိသောအရှိန်ကပြင်းတာမို့ နာသွားသောတစ်ဖက်သူထံမှ အသံအနည်းငယ်ထွက်လာသည်။ ကျွန်တော်ဝင်တိုက်မိသည့်ရင်ခွင်ကအခြားသူမဟုတ် ကင်မ်ထယ်ယောင်း၏ရင်ခွင်ကိုပင်။

ကျွန်တော်လည်းအချိန်အနည်းငယ်ကြောင်အစွာရပ်နေပြီး တစ်ဖက်သူဆီမှအသံလေးထွက်လာမှကျွန်တော်လည်းအသိပြန်ဝင်လေတော့သည်။

"အားရှီ ဂျီမင်နီးရယ် နာလိုက်တာဖြေးဖြေးသွားပါ အိမ်ကထွက်မပြေးပါဘူး" ထယ်ယောင်းဆီမှရီသံလွင်လွင်နဲ့စကားသံလေးထွက်လာတော်မှ

ဂျီမင်က"အဟီး ထယ်ယောင်း ဆောရီး မနာသွားဘူးမလား

ဟို ဟို ငါအိမ်သာတက်ချင်လို့အိမ်မြန်မြန်ပြန်မှဖြစ်မယ်၊

နောက်မှတွေ့မယ်နော် တာတာ့"

သူကအားကြီးနဲ့ဝင်တိုက်ပြီးမနာသွားဘူးမလားတဲ့ပြောလဲပြောတတ်တဲ့။

လိမ်လည်းမလိမ်တတ်ပဲနဲ့ အိမ်သာတက်ချင်လို့တဲ့၊ဟာဘာလေးလဲကွာ ချစ်စရာလေး ဂျီမင်နီးကတော့ငါ့ကိုပိုပိုချစ်လာအောင်ပြုစားနေတော့တာပဲ.....

ကမန်းကတမ်းကောင်ငယ်လေးရဲ့ကျောပြင်ကိုကြည့်ရင်းထယ်ယောင်းတစ်ယောင်အသဲယားလို့မဆုံးဖြစ်နေတော့သည်။

ဒီရက်ပိုင်းတွေမှာသူ့ကိုရှက်၍လားမသိရှောင်ပြေးနေသောပိစိလေးကိုအမိအရလာဖမ်းသော်လည်း ရှောင်ပြေးနေတဲ့ရက်အတွင်း‌ပိုတောင်ချစ်ဖို့ကောင်းလာတာမို့ငေးရင်းနှင့်ပင်လာရင်းကိစ္စကိုမေ့ခဲ့ရသည်။

____________________________

ဂျောင်ကုတစ်ယောက်ကတော့ ထယ်ယောင်းဖွင့်ပြောသည့်နေ့က ဂျီမင်ရဲ့နှုတ်ခမ်းကိုနမ်းသွားသောမြင်ကွင်းအားမြင်ခဲ့ရတာကြောင့်မယုံနိုင်ဖြစ်နေလေသည်။

ပြောတော့ပတ်ဂျီမင်ကငါ့ကိုချစ်တာပါဆိုဘာလို့ကင်ထယ်ယောင်းကိုနမ်းနေရတာလဲ။ငါကတစ်ခါလေးငြင်းလိုက်တာနဲ့သူကတစ်ခြားသူကိုပြောင်းကြိုက်လာတာလား။ငါ့ကိုချစ်တယ်ဆိုတာကရော အလကားစကားပဲလား။

ʜ .ʏ . ᴜ . ɴ . ɢ...♡︎Where stories live. Discover now