WTF!!!လှလိုက်တဲ့ မျက်ဝန်းတွေ !ရေခဲတုံးအရည်ပျော်မယ့် အငွေ့အသက်တွေ ရနေပြီ။

"ခင်ဗျား ဘာလုပ်နေတာလဲ! "

စိတ်ထဲမှာဘယ်လိုပဲ တွေးနေပါစေဦး ဝမ်ရိပေါ် က ဝမ်ရိပေါ်လေ ။ သိတယ်မလား ။အပြင်မှာတော့ အိန္ဒြေတစ်ပိဿာ နဲ့ပဲ ။ သူ ရှောင်းကျန့်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လို့ သူ့ရဲ့ နဂိုအေးစက်နေတဲ့  မျက်နှာကြီးကို ထပ်တည်ကာ အမိန့်ဆန်တဲ့ အသံသြသြ နဲ့ မေးလိုက်တယ် ။ အကြည့်တွေကိုက အခုချက်ချင်းပဲ ရှောင်းကျန့်ကို သတ်ပစ်ချင်နေတဲ့ အကြည့်တွေနဲ့လည်း ကြည့်ပေးလိုက်တယ် ။

ရှောင်းကျန့်က ချက်ချင်း ခုနတုန်းက သူ ဝမ်ရိပေါ်နားကပ် ထိုင်နေရာကနေ အနောက်ကို ခပ်မြန်မြန်ပဲ ဆုတ်လိုက်တယ်။ပြီးတော့  သူ့ရဲ့ သေမင်းတံမန် နဲ့ ခပ်ဝေးဝေးမှာ ​နေရာရွှေ့ထိုင်လိုက်ပြီး တံတွေးတွေကို ဂလု ခနဲ မြည်အောင် လည်ချောင်းထဲ မျောချလိုက်တယ် ။

အခု ငါ ထွက်ပြေးသင့်လား ? မားမား ရေ ! ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ဘူး ။ဒီရေခဲတုံးဆီကနေ ကယ်ပါဦး ။ ကျွန်တော့်ကို သတ်တော့မယ် အီးဟီး ။

ရှောင်းကျန့် စိတ်ထဲကနေ အိမ်က မားမားကို တ,လိုက်တယ် ။ ပြီးတော့ သူထိုင်နေရာကနေထကာ အစီအစဥ်မကျစွာ  ရယ်မောလိုက်ပြီး သူ့ရဲ့လက်တွေကိုလည်း ရှက်ရမ်းရမ်းကာ တစ်ခုနဲ့တစ်ခု ယှက်နွယ်ပြီး လိမ်ချိုးနေတယ် ။ ပြီးတော့ သူ့ ရဲ့ မျက်နှာကလည်း ခရမ်းချဥ်သီးမှည့်တစ်လုံးလိုမျိုး ရဲစုတ်နေသည် ။

"ဟို ....ဟိုဟာလေ ....ဟီး "

ရှောင်းကျန့်က အရူးတစ်ယောက်လိုမျိုး ဝေ့လည်ကြောင်ပတ် စကားတွေပြောပြီး ဝမ်ရိပေါ်ကို သွားအဖြီးသားနဲ့ ပြုံးပြနေသည် ။ ဒါပေမဲ့ စိတ်ထဲတွင်တော့ မတူစွာ မိုးနတ်မင်းကို တိုင်တည်လို့ နေသည် ။

မိုးနတ်မင်းကြီး ကျေးဇူးပြုပြီး ဒီရေခဲတုံးဆီက လွှတ်မြောက်ဖို့ အကူ တစ်ယောက်လောက် လွှတ်ပေးပါဦး!!အားတဲ့နတ်မင်း တစ်ယောက်လောက် ကျွန့်တော့်ကို ကယ်ပါဦး !!!!

သူ နောက်ကို ခြေလှမ်း အနည်းငယ်ဆုတ်ပြီး ဝမ်ရိပေါ်ဆီ ကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမဲ့ အနောက်ဘက်ကို သူ့ခြေလှမ်း စ လှမ်း မယ်ဆိုကာရှိသေး တစ်စုံတစ်ယောက်က သူ့ရဲ့ခါးကို ဆွဲဖက်ထားကာ နောက်ပြန် အနေအထားနဲ့ ဆွဲချလိုက်တယ် ။ သူလဲလန့်သွားပြီး အနောက်မှာရှိတဲ့ ဝမ်ရိပေါ်ရဲ့ ပေါင်ပေါ် ထိုင်လျက် ပြုတ်ကျသွားပြီး သူ့ရဲ နောက်စေ့ကတော့ ဝမ်ရိပေါ်ရဲ့ ရင်အုပ်ကျယ်ကျယ်ကြီးနဲ့ ထိတွေ့မိသွားတယ် ။ အိ... ယောကျာ်းပီသလိုက်တဲ့ ရင်အုပ်ကြီး ။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now