အခန်း - ၅၁

Start from the beginning
                                    

ဘေဘေးတစ်ယောက် Kingခွံ့ကျွေးလာသည့် အမဲသားကင်တစ်ခုကို စားလိုက်စဉ် တစ်ဖက်မှအသံတို့ထွက်လာသည်မို့အာရုံစိုက်လိုက်မိသည်။ ထိုစဉ် တစ်ဖက်တွင်လည်း ချစ်ရသူခွံ့ကျွေးသည့်ဆူရှီတစ်လိပ်ကိုဝါးနေရာမှ ငြိမ်ကျသွားသူ။

"Power Rangerမလား"

"တွေ့ရတာဝမ်းသာပါတယ် King's Husband"

လေလှိုင်းတစ်ဖက်မှ ကကျိုးကကြောင်နိုင်လှသောနှုတ်ဆက်သံတို့ကြောင့် ဘေဘေးပြုံးစိစိဖြစ်သွားစဉ်...

"ဂျစ်ကား စားလေ...ဘာတွေသဘောကျနေတာလဲ"

ထိုစကားကြောင့် ဘေဘေးမော့ကြည့်လိုက်တော့ အာဏာ့ကိုကြည့်နေသော ရယ်မြူးရိပ်သန်းနေသည့် မျက်ဝန်းပြာတို့ကိုတွေ့လိုက်ရ၏။

"အဟွန်း ရယ်ရလို့"

"စားဦး...ဒါလေးလည်းကောင်းတယ်"

ပြောလည်းပြောရင်း ပုဇွန်ဥဆူရှီကို သူ့အမျိုးသားအားခွံ့ကျွေးနေသည့် အာဏာကြောင့် ဘေဘေးပြုံးလိုက်မိစဉ် နှုတ်ခမ်းရှေ့သို့ရောက်လာသည့် ဆူရှီလိပ်တစ်ခု။

ဘေဘေးတစ်ယောက် အသံတိတ်ရယ်လိုက်မိရင်း ယူစားလိုက်ပြီးနောက် Kingဘက်သို့မျက်နှာတည့်တည့်လှည့်လိုက်ပြီး နှုတ်ခမ်းကို Kissပေးသည့်ပုံစံလုပ်ပြလိုက်တော့ ချက်ချင်းရဲတက်သွားသော နားရွက်ဖျားများ။

အသည်းယားစွာဖြင့် အနားသို့ပို၍ နီးနီးကပ်ကပ်တိုးသွားလိုက်ရင်း ပုခုံးစွန်းအားအသာမှီကာ တစ်ဖက်မှလေထု၏ အခြေအနေကိုသာ ဆက်လက်နားထောင်လိုက်မိ၏။

ပထမဆုံး စားစရာများမှာနေသံကိုကြားလိုက်ရပြီးနောက် လေထုသည် တိတ်ဆိတ်သွား၏။ တစ်ဖန် လှုပ်ရှားသံတစ်ချို့ကိုကြားလိုက်ရပြီးနောက်...

"ငါတို့ဓာတ်ပုံရိုက်ကြမလား"

"ဓာတ်ပုံအတူရိုက်ကြမလား"

အသံနှစ်ခုသည်ရှေ့ဆင့်နောက်ဆင့်ထွက်လာအပြီး လှုပ်ရှားသံတစ်ချို့ထွက်လာ၏။

ခဏအကြာ...

Msgဝင်လာသည်မို့ အမြန်ဖွင့်ကြည့်လိုက်မိသည်။

တည်Where stories live. Discover now