အခန်း - ၅၁

Start from the beginning
                                    

"မင်းသဘော"

"ဒီတစ်ခါမင်းရွေး"

"အကင်"

"Ok ဘာသားလဲ"

"အမဲသား"

"မင်းတို့ရော"

"ငါလည်းအမဲသား...ဂျစ်ကားရော"

"အင်း အမဲသားပဲ"

အကင်အတွက် အမဲသားမှာလိုက်ကြပြီးနောက်တွင် ရောင်စုံဆူရှီနှစ်ပွဲမှာလိုက်၏။ ယင်းပွဲတွင် ရောင်စုံဆူရှီဟူသည့်အတိုင်း တူနာ၊ပုဇွန်ဥ၊ပြောင်းဖူး၊ရေညှိနှင့် ကဏန်းချောင်းဆူရှီဟူ၍ ရောင်စုံ၅မျိုးပါဝင်သည်မို့ တစ်ပွဲတည်းနှင့် ရသာစုံခံစားရနိုင်သည်။

ထို့ပြင် ပုဇွန်မီးမှုတ်ထမင်းလုံးနှစ်ပွဲနှင့် ဆူရှီဒိုးနတ်လေးခုကိုလည်းမှာလိုက်ကြသည်။

၁၅မိနစ်အကြာတွင် မှာထားသမျှအားလုံးရောက်ရှိလာသည်မို့ စတင်၍စားလိုက်ကြတော့သည်။ Kingနှင့်ဘေဘေးကတော့ ထုံးစံအတိုင်း တစ်ယောက်ကကင်လျှင် တစ်ယောက်ကခွံ့ကျွေးသည်။

အသည်းခွဲစိတ်ထားကြသူနှစ်ယောက်ကတော့ ဆာကေးကို အာစွတ်ရုံသာသောက်ကြပြီး Kingသည်လည်း ကားမောင်းရဦးမည်မို့သိပ်မသောက်။ ဘေဘေးကတော့ လွတ်လွတ်လပ်လပ်ပင်။

"ငါတို့မူးရင် Driverလှမ်းခေါ်လို့ရတာပဲ...အဖော်လုပ်ပေးဦး အချစ်"

"အင်း"

ထိုစဉ် ...

Ringing...

အားလုံး၏အာရုံက ဘေဘေး၏ဖုန်းထံသို့ရောက်သွားကြစဉ်၌...

Ringing...

အခန်းတွင်း ဘေဘေးနှင့်သင်္ခါတို့၏ Ph Ringtoneသံများသာကြီးစိုးသွားတော့၏။

ဘေဘေးက ဖုန်းကိုအရင်ကိုင်လိုက်ပြီးနောက် Airpodsတစ်ဖက်ကိုတပ်လိုက်ပြီး...

"Hello"

"....."

"အင်း"

ထိုစဉ် သင်္ခါကလည်း Airpodsတစ်ဖက်ကိုတပ်လိုက်ပြီးနောက်...

"Hello"

"....."

"Ok"

ဖုန်းပြောသံတို့သည် ထိုမျှသာ။ ထို့နောက် နှစ်ဖက်စလုံးက Airpodကိုယ်စီ တပ်လျက်သားနှင့် စားသောက်ခြင်းအမှုကိုဆက်လုပ်နေလိုက်ကြ၏။

တည်Where stories live. Discover now