အခန်း - ၃၆

Start from the beginning
                                    

“မာမီ့အချစ်တော်အိပ်ပျော်နေလို့လေ”

“အယ် ဘယ်သူလေးလဲ”

မာမီကပြန်မေးလာသည်မို့ အာဏာရယ်လိုက်ကာ ကားဆီသို့မေးငေါ့ပြလိုက်ရင်း…

“မာမီ့အချစ်တော်က ဘယ်နှစ်ယောက်ရှိသေးလို့လဲ…မာမီ့သားငယ်ပေါ့”

ထိုစကားအဆုံး…

ချလောက်!

ကားတံခါးပွင့်လာပြီးနောက် ဆင်းလာသူကြောင့်…

“ဟယ် သားငယ်လေး”

“Hee…Long time no see မာမား”

ဂျစ်ကားက ပြောလည်းပြော၊မာမီ့ကိုလည်းပြေးဖက်ကာ ပါးကိုပင်နမ်းလိုက်သေးသည်။ မာမီတို့ကလည်း သူ့သားငယ်ကိုမြင်သည်နှင့် ပါးစပ်ပင်မစိတော့။

“ကြည့်စမ်းပါဦး…မတွေ့ရတဲ့အချိန်အတွင်း အရမ်းထွားလာတာပဲ…အရပ်ကြီးက အရမ်းရှည်သွားတာနော်… သားကိုကိုထက်တောင် ရှည်သွားပြီပဲ…အယ် ဒါနဲ့ သားငယ်မျက်နှာက ဘာဖြစ်လာတာလဲ”

“ဒယ်ဒီလုပ်တာ”

ပြောလည်းပြော ဂျစ်ကားမျက်နှာကချက်ချင်းမှုန်ကုပ်ကုပ်ဖြစ်သွားသည်မို့ အာဏာ တစ်ဖက်လှည့်ပြီးရယ်လိုက်မိသည်။

ဒီကလေး သူ့အမှားကို သူများအမှားဖြစ်အောင်လုပ်ဦးမယ်…

မာမီကလည်း သူ့သားငယ်ပြောသည်ကိုသာ အမှန်လုပ်ဦးမည်။ တကယ်တွင်လည်း ထင်ထားသည့်အတိုင်းပင်။

“ဟယ် မိုက်ကယ်တို့ကတော့ တကယ်ပဲ…ကလေးက ဘာတွေများအရမ်းမှားနေတာမလို့ လက်တောင်ပါတဲ့အထိဖြစ်ရတာလဲ…နေဦး မာမား သားမာမီကိုဖုန်းဆက်ပြီး တစ်ခုခုလှမ်းပြောပေးမယ်”

“အာ မာမား…နေပါစေ မပြောနဲ့တော့…ဟီး ကျွန်တော်လည်း နည်းနည်းလေးလွန်ထားလို့ပါ”

ထို့စကားကြောင့်အာဏာတစ်ယောက် ပြုံးစိစိဖြစ်သွားတော့ စူးခနဲကြည့်လာသည်မို့ ရယ်ချင်စိတ်ကိုပြန်ထိန်းလိုက်ရသည်။

“အို ဘယ်လောက်လွန်လွန်ပေါ့…မာမားသားငယ်လေးက  အရမ်းဆိုးတဲ့ကလေးမှမဟုတ်တာပဲ…ဪ ကဲ အထဲဝင်ကြရအောင်…အထဲရောက်မှဆက်ပြောကြမယ်”

တည်Where stories live. Discover now